DVB Logo
Home
မြန်မာသတင်း
နေစရာ အခက်အခဲရှိသည့် ဝန်ထမ်းများကို နေရာပေးသွားမည်ဟု မကွေးတိုင်းဝန်ကြီးချုပ် ပြော
DVB
·
January 5, 2019
နေစရာ အခက်အခဲရှိသည့် ဝန်ထမ်းများကို နေရာပေးသွားမည်ဟု မကွေးတိုင်းဝန်ကြီးချုပ် ပြော
Donate to DVB

နိုင်​ငံ့ဝန်​ထမ်း​တွေ လူ​နေမှု အဆင့်မြင့်မားလာ​စေရန်​နဲ့ လူမှုစီးပွားဘဝ မြင့်မားလာ​စေဖို့ ရည်​ရွယ်​ပြီး​ ဆောက်​လုပ်​​ပေးခဲ့တဲ့ နိုင်ငံဝန်ထမ်းအိမ်ရာတွေမှာ နေစရာ အခက်အခဲရှိတဲ့ ဝန်ထမ်းတွေကို နေရာချထားပေးသွားမယ်လို့ မ​ကွေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညိုက ပြောဆိုလိုက်ပါတယ်။

မ​ကွေးတိုင်း​ဒေသကြီး မင်းဘူးမြို့မှာ ဇန်​နဝါရီလ ၄ ရက်​​နေ့က ပြုလုပ်ခဲ့တဲ့ ကျပ်သိန်း​ပေါင်း ၉၄၀၀ လောက် ကုန်​ကျခံ တည်​​ဆောက်​ထားတဲ့ ဝန်​ထမ်းအိမ်​ရာ ဖွင့်လှစ်​​ပွဲမှာ ပြောဆိုခဲ့တာပါ။

မကွေးတိုင်း​ဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်​မှာ ကမ်းနားလမ်း အငှားအိမ်​ရာ စီမံကိန်းကို ဆောက်လုပ်ပေးခဲ့ပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်​မှာတော့ အစိုးရအဖွဲ့ ပိုလျှံရန်​ပုံ​ငွေ ကျပ်​သန်း​ပေါင်း ၁၈၀၀ မတည်​ကာ လိုအပ်​တဲ့ ဘဏ္ဍာ​ငွေကို ၂၀၁၈ ခုနှစ် မီနီဘာဂျက်​မှာ ​တောင်းခံပြီး ​မ​ကွေး၊​ ရေနံ​ချောင်း​၊​ တောင်​တွင်းကြီး၊​ ချောက်​၊ ပခုက္ကူ၊ သရက်​၊ မင်းဘူးမြို့​တွေမှာ အငှားအိမ်ရာတွေကို​လည်း ဆောက်​လုပ်​​ပေးခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

အခု ဆောက်လုပ်ပြီးတဲ့ ဝန်ထမ်းအိမ်ရာကတော့ ၈ ခန်းတွဲ ၆ ထပ်၊ အခန်းပေါင်း ၄၇ ခန်း ပါရှိပြီး တခန်းကို ၆၀၂ စတုရန်းပေ ကျယ်ဝန်းပါတယ်။

နေထိုင်မယ့် ဝန်ထမ်းတွေကတော့ အခန်းငှားခအနေနဲ့ လစာရဲ့ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ လစဉ်ပေးဆောင်သွားကြရမှာလို့ မ​ကွေးတိုင်း​ဒေသကြီး မြို့ပြနှင့်​အိမ်​ရာ ဖွံဖြိုး​ရေးဦးစီးဌာန ညွှန်​ကြား​ရေးမှူး ဦးသူရိန်​က ပြောပါတယ်။

အဲဒီအိမ်​ရာတွေကို ဇန်​နဝါရီလ ၃ ရက်​​နေ့က ​လျှောက်​ထားတဲ့ ဝန်​ထမ်း​တွေ​ရှေ့မှာ မဲလိပ်​နှိုက်​​ပေးခဲ့ပြီး ဖြစ်ပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013