
လက်ရှိဆေးရုံတွေမှာ သူနာပြုလိုအပ်ချက် ၁၅၀၀၀ ကျော်ရှိနေပြီး သင်တန်းအောင်မြင်လာတဲ့ သစ်လွင်သူနာပြု ၁၆၀၀ ကျော်ကို ခန့်ထားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။
၂၀၁၈ ခုနှစ်၊ သူနာပြု-သားဖွားဒီပလိုမာ ၃ နှစ်သင်တန်းအောင်မြင်တဲ့ သစ်လွင်သူနာပြု ၁၆၃၃ ယောက်ကို ခွဲဝေခန့်ထားမယ့် စာရင်းကို ထုတ်ပြန်ဖော်ပြလိုက်တာပါ။
ဗဟိုအဆင့် ဆေးရုံကြီးတွေမှာ သူနာပြုခန့်ထားဖို့ ခွင့်ပြုတာက ၁၀၀၄၉ ယောက်ဖြစ်ပြီး ခန့်ထားတာက ၅၉၀၁ ယောက်ပဲ ရှိတာကြောင့် ၄၁၄၈ ယောက် လိုအပ်နေပေမယ့် ခန့်ထားဖို့ ခွဲဝေရာမှာတော့ ၄၅၆ ယောက်ရှိပါတယ်။
တိုင်းနဲ့ ပြည်နယ်ဆေးရုံတွေမှာ ခန့်ထားဖို့ ခွင့်ပြုထားတာက ၂၅၀၈၁ ယောက် ဖြစ်ပြီး လက်ရှိခန့်ထားပြီးတာက ၁၄၀၁၉ ယောက် ဖြစ်လို့ ၁၁၀၃၂ ယောက် လိုအပ်နေပြီး ၁၁၄၄ ယောက် ထပ်ခန့်ဖို့ လျာထားပါတယ်။
တခြားတာဝန်တွေအတွက်ကတော့ ၃၃ ယောက် ခန့်ထားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် လိုအပ်ချက်အသီးသီးရဲ့ ၁၀ ပုံတပုံကို ဖြည့်ဆည်းခန့်ထားပေးတဲ့ သဘောဖြစ်ပါတယ်။
လက်ရှိခန့်မှာက သူနာပြု သားဖွား သင်တန်းဆင်းတွေ ဖြစ်လို့ သူနာပြု သိပ္ပံကျောင်းဆင်းတွေကိုလည်း အတူတူ အလုပ်မခန့်တဲ့အပေါ် ဝေဖန်တာတွေလည်း ရှိပါတယ်။











