DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီအချို့နှင့် ဦးအောင်ဆန်းဦး အမွေကိစ္စ တွေ့ဆုံ
DVB
·
January 5, 2019
နိုင်ငံရေးပါတီအချို့နှင့် ဦးအောင်ဆန်းဦး အမွေကိစ္စ တွေ့ဆုံ
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးဟာ နိုင်ငံရေးပါတီအချို့နဲ့ တွေ့ဆုံပြီး ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်အမွေကိစ္စ တွေ့ဆုံခဲ့ပါတယ်။

ဦးအောင်ဆန်းဦးဟာ ဇန်နဝါရီ ၅ ရက်နေ့က နေပြည်တော် ဧရာဝတီလမ်းမပေါ်မှာရှိတဲ့ Mandalay Paradise မှာ နိုင်ငံရေး ပါတီအချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ရန်ကုန်မြို တက္ကသိုလ် ရိပ်သာလမ်းမှာရှိတဲ့ ခြံအမှတ် ၅၄ အမွေခွဲဝေရရှိမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေကို ရှင်းပြခဲ့ပြီး အထူးအယူခံဝင်ခဲ့ပေမယ့် ပယ်ချခံရတဲ့အပေါ် လုံးဝ မကျေနပ်ဘူးလို့ ဦးအောင်ဆန်းဦးက ပြောဆိုခဲ့ပါတယ်။

“နိုင်ငံရေးအဖွဲ့အစည်းက သူ့အလုပ်သူလုပ်၊ ကျနော့်ဘာသာ ကျနော် ပုဂံအိမ်မှာ အေးအေးဆေးဆေးနေလို့ ရတယ်။ ဒါပေမယ့် ကျနော်က ဥပဒေကို မှန်မှန်ကန်ကန် မတရား အနိုင်ကျင့်တာတော့ ကုန်းခံပြီးတော့ ခေါင်းငုံ့ခံတဲ့ စိတ်ဓာတ်တော့မရှိဘူး။ တတိုင်းပြည်လုံးအတွက် လူမျိုးအားလုံးအတွက် သူတို့ရရမယ့် အခွင့်အရေးကို အမြန်ဆုံးရလာအောင် စဉ်းစားတတ်ဖို့ လိုတယ်။ ဒီလို အီယောင်ဝါးနဲ့ လုပ်လိုက်၊ ဒီမိုကရေစီစစ်သွားတယ်ဆိုတာ မဟုတ်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။

တွေ့ဆုံမှုမှာတော့ မြန်မာအမျိုးသားကွန်ကရက်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့နဲ့ တွေ့ဆုံခဲ့ကြတာပါ။

မြန်မာအမျိုးသားကွန်ကရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွဋ်က “အသေအချာ သုံးသပ်ပြီးတော့ ကြားထဲမှာ သေချာတိုင်ပင်ဆွေးနွေးမှုတွေ လုပ်ပါမယ်။ လုပ်ပြီးတော့ ဒီကိစ္စကကလည်း လက်တလော နိုင်ငံရေးပါတီတွေကို အသိပေးတယ်ဆိုတာ မိတ်ဆွေသဘောအရ ပြောတာပါသလို၊ ပြည်သူတွေအတွက် ဘာလုပ်ပေးရမယ်ဆိုတာလဲ ပါသလို၊ နားစွင့်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ ကိစ္စတခု။ ဘယ်လိုလုပ်ရမယ်ဆိုတာ မိမိကိုယ်ကိုယ် ပြန်မေးရမယ့်ကိစ္စတခုလို့မြင်တယ်။ ကျနော်တို့ နိုင်ငံရေးပါတီတွေက ဆက်လက်တိုင်ပင်ပြီး ကျနော်တို့ရဲ့ အကောင်းဆုံးရပ်တည်ချက်ပြကြပါမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးကနေ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ မိခင်ကြီး ဒေါ်ခင်ကြည် အမည်ပေါက် မြေအကျယ်အ၀န်း ၁ ဒသမ ၉၂၃ ဧက၊ နှစ်ထပ်တိုက်နဲ့ မြေတစ်ဝက်ကို ဒေါ်အောင်ဆန်းစုကြည်၊ တစ်ထပ်တိုက်နဲ့ မြေတစ်ဝက်ကို ဦးအောင်ဆန်းဦးဆိုပြီး တစ် ၀က်စီခွဲဝေဖို့ အပြီးသတ်အမိန့်ချခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီး ဦးအောင်ဆန်းဦးက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၆ ရက်နေ့မှာ အထူးအယူခံဆက်တင်ပြီး အမှတ် (၅၄) နေအိမ်ကို  လေလံတင်ရောင်းချပြီး ရလာတဲ့တန်ဖိုးကို ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တယောက်တ၀က်ခွဲယူဖို့ လျှောက်ထားခဲ့ပါတယ်။ ဒါပေမယ့် အထူးအယူခံလျှောက်ထားမှုကို ပြီးခဲ့နှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထပ်မံပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013