DVB Logo
Home
မြန်မာသတင်း
တပ်မတော်ဆိုင်ရာ သူရဘွဲ့ ရရှိသူ ၂ ဦးကို သမ္မတက ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်
DVB
·
January 5, 2019
တပ်မတော်ဆိုင်ရာ သူရဘွဲ့ ရရှိသူ ၂ ဦးကို သမ္မတက ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်
1 / 5
Donate to DVB

သမ္မတ ဦးဝင်းမြင့်ဟာ ၂၀၁၈ ခုနှစ်အတွက် တပ်မတော်ဆိုင်ရာ သူရဘွဲ့ ရရှိသူ ၂ ဦးကို သမ္မတအိမ်တော်မှာ ဇန်နဝါရီ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) က ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

သမ္မတက “နိုင်ငံတော်အတွက် မိမိတို့၏ အသက်နှင့် ခန္ဓာကိုယ်ကို ပဓာနမထားဘဲ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စံတင်ထိုက်သည့် စွမ်းရည်၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးဖြင့် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ကြသော ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သူများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့၏ ထောက်ခံတင်ပြချက်အရ နိုင်ငံတော် အစိုးရက ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်အပ်နှင်းသည့် အခမ်းအနား ကျင်းပပြုလုပ်ပြီး သူရဘွဲ့ရရှိသူ နှစ်ဦးကို ဂုဏ်ယူစွာဖြင့် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွက် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ သူရဘွဲ့ရရှိသူ ၂ ဦးကတော့ အမှတ် ၃၅ ခြေလျင်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး လှထူး (ကျဆုံး) နဲ့ အမှတ်(၁၁) ခြေလျင် တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ဦး (ကျဆုံး) တို့ဖြစ်ပါတယ်။

သမ္မတ ပေးအပ်တဲ့ သူရဘွဲ့ဆုတွေကိုတော့ ကျဆုံးသွားတဲ့ ဒုဗိုလ်မှူးကြီး ၂ ဦးကိုယ်စား ဇနီးဖြစ်သူတွေက လက်ခံရယူခဲ့ပါတယ်။

ဆုချီးမြှင့်ခံရသူတွေဟာ ဖြတ်သန်းခဲ့ရသော ခက်ခဲကြမ်းတမ်းတဲ့ ဘဝမှာ ပေးအပ်လာတဲ့ တာဝန်တွေကို စွမ်းရည်သတ္တိပြည့်ဝစွာ စွန့်လွှတ်စွန့်စားမှု အပြည့်နဲ့ ထမ်းဆောင်ခဲ့ကြသူတွေဖြစ်ကြောင်းလည်း သမ္မတက ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013