DVB Logo
Home
မြန်မာသတင်း
လူကြမ်းမင်းသားကြီး ဦးမင်းစိန် ကွယ်လွန်
DVB
·
January 5, 2019
လူကြမ်းမင်းသားကြီး ဦးမင်းစိန် ကွယ်လွန်
Donate to DVB

ရုပ်ရှင်သရုပ်ဆောင် လူကြမ်းမင်းသားကြီး ဦးမင်းစိန်ဟာ ဒီနေ့မနက်အစောပိုင်းက ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။

လူကြမ်းနဲ့ ဇာတ်ပို့သရုပ်ဆောင် ဦးမင်းစိန်ဟာ အသက် ၅၆ နှစ်ရှိပြီး ကျန်းမာရေး မကောင်းလို့ မနေ့က ဆေးရုံကိုပို့ခဲ့ပြီး မနက်ပိုင်းမှာပဲ ရင်ကြပ်အမောဖောက်ပြီး ကွယ်လွန်သွားတာလို့ သိရပါတယ်။

လုပ်ဖော်ကိုင်ဖက် တယောက်ဖြစ်သူ သရုပ်ဆောင် ကိုဆန်းလွင်က “သူက ကားရိုက်မရှိလို့ မန္တလေးကို အခွေရောင်းဖို့ လိုက်သွားတယ်။ အဲဒီမှာ နေမကောင်းလို့ မနေ့ကပဲ ပြန်ပို့လိုက်တာ။ မနက် အစောပိုင်း ၂ နာရီ ၅၀ လောက်က ဆုံးတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

ဘယ်နေ့ သင်္ဂြိုဟ်မယ်လို့တော့ မသိသေးပေမယ့် သန်ဘက်ခါလောက် ဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဦးမင်းစိန်ဟာ ဇာတ်ကားရိုက်ရတာ မရှိသလောက်ဖြစ်လာတဲ့အချိန်မှာ ရေသန့်ရောင်းခဲ့သေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013