ပလင်းဆင်စခန်း အောင်မြင်မှု ရနေဟု စခန်းတာဝန်ရှိပြော

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ညောင်ဦးမြင်းခြံ ကားလမ်းမှာ ဖွင့်လှစ်ထားတဲ့ ပလင်းဆင်စခန်းဟာ ဖွင့်လှစ်ချိန် ၉ လကျော်သာ ရှိသေးပေမယ့် မြန်မာနိုင်ငံမှာ ဖွင့်လှစ်ပြီး ဆင်စခန်းတွေလို အောင်မြင်မှု ရနေတယ်လို့ ဆင်စခန်း လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက ပြောပါတယ်။
ဆင်နည်းတဲ့အတွက် ဆင်စီးခဝင်ငွေ နည်းပေမယ့် လူဝင်များတဲ့အတွက် ဝင်ကြေးကနေ ဝင်ငွေပိုရခဲ့တယ်လို့ ဆိုပါတယ်။
အချိန် ၉ လတာကာလအတွင်း ပြည်တင်ပြည်ပ ဧည့်သည် ၅ သောင်းခွဲလောက် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့သစ်လုပ်ငန်းက သေဆုံးသွားတဲ့ ဆင်တွေရဲ့ အစွယ်တွေ ထိန်းသိမ်းထားတာ ရှိတဲ့အတွက် ဒီဆင်စခန်းမှာ ပြတိုက်လုပ်ဖို့ စီစဉ်နေသလို ပုံစံဒီဇိုင်းလည်း တင်ပြထားပြီး ခွင့်ပြုချက် ရန်ပုံငွေရရင်တော့ အကောင်ထည်ဖော် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
အဲ့ဒီဆင်စခန်းကို ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး၊ ကလေးအခမဲ့ လူကြီးဝင်ကြေး ၁၀၀၀ ကျပ်၊ ဆင်စီးရင် ၁၀ နှစ်အောက်ကလေး အခမဲ့၊ လူကြီးတစဦး ၅၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ အခုချိန်ထိ ဆင် ၈ ကောင်ရှိနေပြီး ရန်ပုံငွေ သိန်း ၉၀၀ ကျော် ရရှိ ခဲပြီလို့ သိရပါတယ်။











