DVB Logo
Home
မြန်မာသတင်း
ရဲကင်းစခန်း ၄ ခု တိုက်ခိုက်မှုအတွင်း ဖမ်းဆီးသွားသူများကို ပြန်လွှတ်လိုက်ပြီဟု အေအေပြော
DVB
·
January 5, 2019
ရဲကင်းစခန်း ၄ ခု တိုက်ခိုက်မှုအတွင်း ဖမ်းဆီးသွားသူများကို ပြန်လွှတ်လိုက်ပြီဟု အေအေပြော
Donate to DVB

ရက္ခိုင့်တပ်မတော် (အေအေ) က ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို ဇန်န၀ါရီလ ၄ ရက်နေ့ ညနေပိုင်းလောက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ အေအေ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။

ဇန်န၀ါရီ ၄ မနက်ပိုင်းက မောင်တောမြို့ အထက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်း ၄ ခုကို အေအေ တပ်ဖွဲ့က တပြိုင်နက်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ချိန်က ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးလိုက်တာပါ။

အဖမ်းခံရသူတွေထဲမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး၊ လ၀က ၁  ဦးနဲ့ သူတို့ရဲ့ မိသားစုဝင် ၄ ဦး ပါဝင်ပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ရဲကင်းစခန်း စီးနင်းမှုမှာ ရဲတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ အေအေ အဖွဲ့ရဲ့ အခုလုပ်ရပ်ဟာ အစိုးရရဲ့ ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေ ပိုမိုရှုပ်ထွေးစေတယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလုပ်ရပ်ကို အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်လို့လည်း ရေးသားထားပြီး လုံခြုံရေးတပ်ဖွဲ့တွေက ထိရောက်စွာ တုံ့ပြန်ချေမှုန်း နှိမ်းနင်းသွားမယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။

တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်မတော်တို့အကြား ရခိုင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းကတည်းက တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင် ထွက်ပြေးခိုလှုံနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013