DVB Logo
Home
မြန်မာသတင်း
မင်းဘူးမြို့ နဂါးပွတ်​​တောင်​ ကိုယ်​ထူကိုယ်ထ ကွန်​ကရစ်​လမ်း လွတ်​လပ်​​ရေး​နေ့တွင် ဖွင့်​လှစ်
DVB
·
January 4, 2019
မင်းဘူးမြို့ နဂါးပွတ်​​တောင်​ ကိုယ်​ထူကိုယ်ထ ကွန်​ကရစ်​လမ်း လွတ်​လပ်​​ရေး​နေ့တွင် ဖွင့်​လှစ်
1 / 4
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး၊ မင်းဘူးမြို့မှာ နဂါးပွက်​​တောင်​ ကိုယ်​ထူကိုယ်​ထ ကွန်​ကရစ်​လမ်းကို  ဒီကနေ့မနက် ၇၁ ကြိမ်​​မြောက်​ လွတ်​လပ်​​ရေး​နေ့ အထိမ်းအမှတ်​အဖြစ် ​ဖွင့်လှစ်လိုက်ပါတယ်။

မ​ကွေးတိုင်း ​စီမံဘဏ္ဍာ စည်​ပင်​ဝန်​ကြီး ဦး​ဇော်​မင်းက "ဒီမိုက​ရေစီစနစ်​ကို သွား​နေတဲ့အချိန်​မှာ ပြည်​သူလူထုက ပူး​ပေါင်းပါဝင်​ရတဲ့အပိုင်း ရှိပါတယ်​။ အစိုးရကူညီတဲ့​ငွေ အနည်းငယ်​သာရှိပြီး ပြည်​သူ​တွေဟာ ကိုယ့်ဒေသဖွံ့ဖြိုးဖို့အတွက်​ ဝိုင်းဝန်းထည့်ဝင်​တဲ့​ငွေနဲ့ ကိုယ်​ထူကိုယ်ထ ဆောင်​ရွက်​တာဟာ ဒီမိုက​ရေစီရဲ့ အနှစ်​သာရဖြစ်​တယ်​။ ဒီအ​လေ့အထ​တွေဟာ တိုင်းပြည်​ဖွံ့ဖြိုးတိုးတက်​ဖို့အတွက် အများကြီး အ​ထောက်​ကူပြုပါတယ်​။ မ​ကွေးမြို့နယ်​မှာ ပြည်​သူထည့်​ဝင်ငွေ ၄၀ ရာခိုင်​နှုန်း၊ အစိုးရက ၆၀ ရာခိုင်​နှုန်း ပါဝင်​ပြီး တည်​​ဆောက်​မယ့်​ လမ်း​ပေါင်း ၄၀ ကျော်​ကိုလည်း ၂၀၁၉ ခုနှစ်​မှာ တည်​​ဆောက်​မှာဖြစ်​တယ်" လို့ ပြောပါတယ်​။

လမ်းအရှည်​ ​ပေ ၇၅၀၊ အကျယ်​ ၃၀ ပေ၊ ထု ၉ လက်​မရှိတဲ့ ကွန်​ကရစ်​လမ်းဖြစ်​ပြီး လမ်းအတွက် ကုန်​ကျ​တဲ့​ငွေ စုစု​ပေါင်းက ကျပ်​သိန်း​ပေါင်း ၄၂၀ ​ကျော်​ကုန်​တယ်လို့ သိရပါတယ်။

မင်းဘူးမြို့ နဂါးပွက်​​တောင်​လမ်း ဖြစ်​​မြောက်​​ရေး​ကော်​မတီ ဥက္ကဋ္ဌ ဦး​အောင်​ဝင်းက "ယခင်​က နဂါးပွက်တောင်​လမ်းဟာ ​တော်​​တော်ဆိုးဝါးခဲ့ပြီး ပြည်​သူ​တွေ ဝိုင်းဝန်းစု​ပေါင်းပြုလုပ်​လိုက်​တဲ့အတွက်​ ဘုရားဖူးပြည်​သူ​တွေ အဆင်​​ပြေ​ချော​မွေ့စွာ သွားလာနိုင်​ပါပြီ" လို့ ဆိုပါတယ်​။

သတင်းဓာတ်ပုံ- မင်းထီး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013