DVB Logo
Home
မြန်မာသတင်း
ဖျာပုံမြို့နယ်​၊  ချောင်းဝ​ရွာတွင်​ နေအိမ် ၁၆၀ ​ကျော်​မီး​လောင်​၊ လူ ၆၀၀ မီး​ဘေးသင့်
DVB
·
January 4, 2019
ဖျာပုံမြို့နယ်​၊  ချောင်းဝ​ရွာတွင်​ နေအိမ် ၁၆၀ ​ကျော်​မီး​လောင်​၊ လူ ၆၀၀ မီး​ဘေးသင့်
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာမှာ  ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီ လောက်က မီးလောင်မှုဖြစ်ပွားလို့ နေအိမ် ၁၆၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၆၀၀ အိုးမဲ့အိမ် မဲ့ဖြစ်ခဲ့ရတယ်လို့ ဖျာပုံခရိုင် မီးသတ်ဦးစီးဌာနက သိရပါတယ်​။

မနေ့ မွန်းလွဲပိုင်းက ​ချောင်းဝ​ကျေးရွာရှိ ​ဒေါ်​ဌေးကြိုင်​ ပုဇွန်​​ရွေးအ လုပ်​သွား​ရောက်​လုပ်​ကိုင်​​နေစဉ်​ နေအိမ်မီးဖို​ချောင်​ မီးကြွင်းမီးကျန်​ကနေ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

ချောင်းဝ ​ကျေးရွာ​နေ ကိုနိုင်​ဝင်းထွန်းက "ရွာမှာမီးက ​နေလယ်​ ၁နာရီ ၊၂နာရီ လောက်​ စတင်​​လောင်းကျွမ်းတာပါ။ မီး​လောင်​​တော့ အရင်​ဆုံး လူ​တွေထွက်​လာပါတယ်​။ နောက်​ပိုင်းကျ​တော့ လူ​တွေအုံလာတယ်​။ အဖွဲ့အစည်း​တွေပါ ဝိုင်းငြှိမ်းကြတယ်​။ မနိုင်​ဘူး​လေ။ မနိုင်​​တော့ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးက မြို့နယ်​ကို ဖုန်းဆက်​တယ်​။ မီး​လောင်​တဲ့အထဲမှာ ​ရေလုပ်​ငန်း ​ရေစင်​​တွေ၊ ကုန်​စုံဆိုင်​​တွေပါသွားတယ်​၊ ဝက်​​တွေ၊ကြက်​​တွေလည်း မီး​လောင်​တဲ့ အထဲ ပါသွားတာ​ပေါ့”လို့ ပြောပါတယ်​။

မီး​လောင်​ရာသို့ ရွာသား ၃၀၀) ကျော်​၊ အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​၁၅ဦးတို့က ​ရေစုပ်​စက်​ ၈လုံးနဲ့ ငြှိမ်းသတ်​ခဲ့ရာ ညနေ ၃း၂၀ အချိန်​တွင်​ မီးငြိမ်းသွားခဲ့​ပြီး ည​နေပိုင်းအထိ မီးကြွင်းမီးကျန်​တွေ ဆက်​လက်​ငြှိမ်းသတ်​ ခဲ့ရပါတယ်​။

မီးလောင်မှုကြောင့် အိမ်​​ထောင်​စု ၁၆၇စု၊ ကျား ၂၅၈ ဦး၊ မ ၃၄၂ ဦး စုစု​ပေါင်း ၆၀၀ ဦး အိုးမဲ့အိမ်​မဲ့ဖြစ်​ခဲ့ပြီး ပျဉ်​​ထောင်​အိမ်​ ၂၅ လုံး၊ အုတ်​ကာ အုတ်​ခင်း နှစ်ထပ်​တိုက်​ ၉ လုံး၊ ဓနိမိုး ဓနိကာ ဝါးခင်း​နေအိမ်​ ၁၃၃ လုံး စုစု​ပေါင်း​နေအိမ်​ ၁၆၇ လုံး မီး​လောင်​ကျွမ်းခဲ့ရာ စုစု​ပေါင်း ကျပ် ၂၄.၅၆၅,၀၀၀ တန်ဖိုးလောက် ပျက်​ဆီးဆုံးရှုံးခဲ့​တယ်လို့ မီးသတ်​ဌာနက သိရပါတယ်​။

အဆိုပါမီး​လောင်​မှု​ကြောင့် မီး​ပေါ့ဆစွာသုံးစွဲသူ ​ဒေါ်​ဌေးကြိုင်​ကို ဒုရဲအုပ်​ စိုးထက်​လင်းက တရားလိုပြုလုပ်​၍ ​ဒေါ်ညိမ်းနယ်​​မြေရဲစခန်းမှာ (ပ)၂/၂၀၁၉၊ ရာဇသတ်​ကြီးပုဒ်​မ ၂၈၅ မီးပေါ့ဆမှုနဲ့ အမှုဖွင့်လှစ်​ထား​ပါတယ်​။

အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ မီးဘေးဒုက္ခသည်တွေကိုတော့  ​ချောင်းဝကျေးရွာရှိ သာသနာ့တံခွန် ​ဗိမာန်​​တော်​ကြီးမှာ နေရာချထားပေးထားပြီး သက်ဆိုင်ရာ တာဝန်​ရှိသူတွေက အရေး ပေါ် အကူအညီတွေ ပေးနေပါတယ်။

မီးလောင်မှုကြောင့် လူတွေထိခိုက်ဒဏ်ရာရ သေဆုံးတာမရှိပေမယ့်  ဝက် ၂ ကောင် သေဆုံးသွားပါတယ်။

သတင်း - ​ကျော်​စိုးမိုး

ဓာတ်ပုံ-Myanmar Alin 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013