DVB Logo
Home
မြန်မာသတင်း
လွတ်လပ်ရေးနေ့တွင် မြန်မာပြည်သူများ ပျော်ရွှင်ပါစေကြောင်း ဗြိတိန်ဘုရင်မကြီး ဆုတောင်း
DVB
·
January 4, 2019
လွတ်လပ်ရေးနေ့တွင် မြန်မာပြည်သူများ ပျော်ရွှင်ပါစေကြောင်း ဗြိတိန်ဘုရင်မကြီး ဆုတောင်း
Donate to DVB

လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာသမ္မတနဲ့ မြန်မာပြည်သူ ပြည်သားတွေ ပျော်ရွှင်စေဖို့  ဗြိတိန်ဘုရင်မကြီးက ဆုတောင်းလိုက်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ပေးပို့တဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာမှာ ဆုတောင်းပေးထားတာပါ။

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် လာမည့်နှစ်တွင် အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများ ပျော်ရွှင်ပါစေကြောင်း မိမိအနေဖြင့် ဆုမွန်ကောင်း တောင်းအပ်ပါသည်။” လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

မြန်မာသမ္မတ ဦးဝင်းမြင့်ကတော့ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့ရဲ့ သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ အချင်းချင်းအကြား ယုံကြည်မှုတွေ လျော့နည်းလာပြီး သံသယစိတ်တွေ ကြီးထွားလာကာ ပြည်တွင်းပဋိပက္ခတွေ မျိုးစုံ ပေါ်ပေါက်ခဲ့တယ်လို့ ဒီကနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောထားပါတယ်။

ဗြိတိသျှလိုနီနယ်ချဲ့တို့က မြန်မာပြည်ကို ကျူးကျာ်စစ်သုံးကြိမ် ဆင်နွှဲကာ ၁၈၈၅ ခုနှစ် နိုဝင်ဘာလမှာ မြန်မာတပြည်လုံး သူ့ကျွန်ဘဝ ရောက်ခဲ့ရတာဖြစ်ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ လွတ်လပ်ရေး ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013