DVB Logo
Home
မြန်မာသတင်း
ဂေးအချစ်ဇာတ်လမ်းရုပ်ရှင်ကားအတွက် သရုပ်ဆောင်များခေါ်ယူ
DVB
·
January 3, 2019
ဂေးအချစ်ဇာတ်လမ်းရုပ်ရှင်ကားအတွက် သရုပ်ဆောင်များခေါ်ယူ
Donate to DVB

ပိတ်ကား - Boy On Screen လို့ အမည်ပေးထားတဲ့ ဂေးအချစ်ဇာတ်လမ်းရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်လိုတဲ့ သရုပ်ဆောင်တွေကို ခေါ်ယူနေပါတယ်။

LGBT Feature Film အနေနဲ့ ရိုက်ကူးမယ့် ဒီရုပ်ရှင်ကားအတွက် အနည်းဆုံး သ ရုပ်ဆောင် ၇ ယောက် ရွေးချယ်သွားမှာဖြစ်ပြီး သရုပ်ဆောင်အလုပ် ၀ါသနာပါပြီး မလုပ်ဖူးသေးတဲ့ ၀ါသနာရှင်တွေ၊ အနယ်နယ်အရပ်ရပ်မှ သရုပ်ဆောင်ဝါသနာပါသူတွေကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ LGBT တွေသာမက LGBT မဟုတ်သူတွေပါ လျှောက်ထားနိုင်ပြီး နောက်ဆုံးအဆင့် ရွေးချယ်မှုမှာ ပါဝင်ရင် လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

အဓိက ဇာတ်ဆောင် ၁ အနေနဲ့ အသက် ၂၀ နဲ့ ၂၃ နှစ်ကြားရှိရမှာဖြစ်ပြီး အရပ်အမြင့်က ၅ ပေ ၆ လက်မနဲ့ ရုပ်ရည်အသင့်အတင့်ရှိရမယ်လို့ ဖော်ပြထားပါတယ်။ အဓိက လိုအပ်ချက်ကတော့ ဆံပင်စည်းလို့ရတဲ့ အနေအထားရှိ၊ ခွေးချစ်တတ်သူ၊ ဒါမှမဟုတ် ခွေးမွေးထားသူ၊ အရက်၊ ဘီယာ သောက်သုံးနိုင်သူဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

အဓိက ဇာတ်ဆောင် ၂ အနေနဲ့ အသက် ကန့်သတ်ချက်မရှိ၊ အရပ် ၅ ပေ ၆ လက်မအထက်ရှိပြီး ပုံမှန်နဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာရှိတဲ့သူဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။ အဓိက လိုအပ်ချက်ကတော့ ခန္ဓာကိုယ်ထွားသူ၊ Gym ကစားထားသူ၊ ဂစ်တာတီး တတ်သူ ဦးစားပေးမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဓိကဇာတ်ဆောင် ၃ အနေနဲ့ အသက် အကန့်အသတ်မရှိ၊ ကိုယ်အလေးချိန် ပေါင် ၁၃၀ အထက်၊ အရပ် ၅ ပေ ၅ လက်မအထက်၊ ရုပ်ရည်အသင့်အတင့်ရှိသူဖြစ်ရ မယ်လို့ ဖော်ပြထားပါတယ်။ အဓိက လိုအပ်ချက်ကတော့ ခန္ဓာကိုယ် ၀၀ပြည့်ပြည့်၊ တရုတ်၊ ဒါမှမဟုတ် ရှမ်းမျက်နှာပေါက်နဲ့ တရုတ်ဘာသာစကားကို ရေးနိုင်၊ ပြောနိုင်၊ ဖတ်နိုင် သူဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

အဓိကဇာတ်ဆောင် ၄ အနေနဲ့ အသက် ၂၄ နှစ်ဝန်းကျင်၊ အရပ် ၅ ပေ ၃ လက်မ အထက်၊ ခန္ဓာကိုယ်အချိုးအစားပြေပြစ်သူ၊ ရုပ်ရည်ချောမောသူ ဖြစ်ရမယ်လို့ ဖော်ပြထား ပါတယ်။ အဓိကလိုအပ်ချက်ကတော့ မြန်မာအင်္ကျီနဲ့ လိုက်ဖက်မှုရှိတဲ့သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။

ဇာတ်ပို့ ၁ အနေနဲ့ အသက် ၄၅ နှစ်နဲ့အထက်၊ ရုပ်ရည်အသင့်အတင့်ရှိသူ၊ ခန္ဓာ ကိုယ်အချိုးအစားပြည့်ပြည့်နဲ့ ချမ်းသာတဲ့ အမျိုးသမီးတဦးအသွင်သဏ္ဍာန်ရှိသူကို ဦးစားပေး သွားမယ်လို့ ဖော်ပြထားပါတယ်။

ဇာတ်ပို့ ၂ အနေနဲ့ အသက် ၁၉ နှစ်ကနေ ၂၅ နှစ်ကြား၊ သာမန်ရုပ်ရည်နဲ့ ခန္ဓာ ကိုယ်ပုံမှန်အရွယ်အစားရှိသူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။ အဓိက လိုအပ်ချက်က တော့ ဟာသဥာဏ်ရွှင်ပြီး သွက်လက်သူဖြစ်ရမှာဖြစ်ပြီး ဂေးဖြစ်တဲ့သူတွေကို ဦးစားပေး မယ်လို့ ဖော်ပြထားပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ မျက်နှာ၊ ခန္ဓာကိုယ်တပိုင်းနဲ့ တကိုယ်လုံးပုံ စုစု ပေါင်း ဓာတ်ပုံ ၃ ပုံကို လျှောက်လွှာနဲ့အတူ ပူးတွဲပေးပို့ရမှာ ဖြစ်ပါတယ်။
လျှောက်လွှာတွေကိုတော့ ဒီလင့်ခ်မှာ ဒေါင်းလုတ်ရယူနိုင်မှာ ဖြစ်ပါတယ်။
https://drive.google.com/file/d/1w7sMZa2uZuYZOJysHbxkKa3jHa0SOrP8/view

လျှောက်လွှာတွေကို လာမယ့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး [email protected] ဒါမှမဟုတ် Viber ဖုန်းနံပတ် +959 430 253 30 ကို ပေးပို့နိုင်တယ်လို့ ဆိုပါတယ်။
အသေးစိတ်သိရှိလိုပါက ဖုန်းနံပတ် 09 9621 96772 ကို ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013