DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းရှိ မြန်မာအလုပ်သမားများကို မုန်တိုင်းအန္တရာယ်သတိပေး
DVB
·
January 3, 2019
ထိုင်းတောင်ပိုင်းရှိ မြန်မာအလုပ်သမားများကို မုန်တိုင်းအန္တရာယ်သတိပေး
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်းမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့  မြန်မာအလုပ်သမားတွေ မုန်တိုင်းကို သတိထားနေထိုင်ကြဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အလုပ်သမား သံအရာရှိရုံးက အထူး သတိပေးကြေညာချက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းဟာ အင်ဒိုချိုင်းနားဒေသက တဆင့် ဇန်န၀ါရီ ၄ ရက်နေ့ ညဦးယံမှာ ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ ချွန်ဖော်ခရိုင်၊ ဆူရတ်ဌာနီခရိုင်ကို ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် ဇန်န၀ါရီ ၃ ရက်ကနေ ဇန်န၀ါရီ ၅ ရက်အတွင်း ထိုင်းတောင်ပိုင်း ဒေသတွေမှာ မိုးရွာသွန်းမှုပိုမိုများပြားပြီး အချို့ဒေသတွေမှာ မိုးသည်းထန်းစွာရွာသွန်မှုကြောင့် သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားနိုင်လို့   သတိထားကြဖို့ လိုတယ်လို့ ဖော်ပြထားပါတယ်။

ဇန်န၀ါရီလ ၃ ရက်နဲ့ ၄ ရက် တို့မှာ မုန်တိုင်းကြောင့် လေတိုက်နှုန်းနဲ့ မိုးရွာသွန်းမှုများပြားမယ့် ခရိုင်တွေက ချွန်ဖော်ခရိုင်၊ ဆူရတ်ဌာနီခရိုင်၊ နခွန်စီထမရခရိုင်၊ ဖတ်ထလူခရိုင်၊ စုန်ခလာခရိုင်၊ ပါတနီခရိုင်၊ ရလာခရိုင်၊ နလာထီးဝါးခရိုင်၊ ကဘီခရိုင်၊ တလန်ခရိုင်နဲ့ စတူခရိုင်တို့ ဖြစ်တယ်လို့လည်း သတိပေးချက်မှာ ဖော်ပြပါတယ်။

ဇန်န၀ါရီ ၄ ရက်နဲ့ ၅ ရက်တို့မှာတော့  ဖစ်ခ်ျဘူရီခရိုင်၊ ပါကျွတ်ခီလီခံခရိုင်၊ ချွန်ဖော်ခရိုင်၊ ချွန်ဖော်ခရိုင်၊ ဆူရတ်ဌာနီခရိုင်၊ နခွန်စီထမရခရိုင်၊ ဖတ်ထလူခရိုင်၊ စုန်ခလာခရိုင်၊ ပါတနီခရိုင်၊ ရလာခရိုင်၊ နလာထီးဝါးခရိုင်၊ ကဘီခရိုင်၊ ရနောင်းခရိုင်၊ ဖန်ငခရိုင်၊ ဖူးကစ်ခရိုင်တို့မှာ မိုးအနည်းငယ်ရွာသွန်းပြီး အချို့ခရိုင်တွေမှာ လေတိုက်နှုန်းနဲ့ မိုးရွာသွန်းမှုပိုမိုများပြားမယ်လို့ ဆိုပါတယ်။

ထိုင်းတောင်ပိုင်း ကမ်းရိုးတန်းတစ်လျှောက်နေထိုင်ကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ကနေ ကင်းဝေးစေဖို့ ဇန်န၀ါရီ ၃၊ ၄ နဲ့ ၅ ရက်တို့မှာ သတိပြုနေထိုင်ဖို့၊ ထိုင်းနိုင်ငံတောင်ပိုင်းမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ၊ အထူးသဖြင့် ရေလုပ်သားတွေအနေနဲ့ မိုးလေ၀သအခြေနေတွေကို သိရှိစေဖို့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် အလုပ်သမားသံအရာရှိရုံးက နှိုးဆော်ထားပါတယ်။

ထိုင်းတောင်ပိုင်းက ပင်လယ်ကမ်းခြေတွေနဲ့ ကျွန်းတွေမှာ မြန်မာအလုပ်သမား ထောင်သောင်းချီ အလုပ်လုပ်နေကြပါတယ်။

ထိုင်းစစ်တပ်ကတော့ ကမ်းရိုးတန်းတလျှောက်ရှိ ကမ်းခြေရွာတွေက ဒေသခံတွေကို  အပူတပြင်း လိုက်လံရွှေ့ပြောင်းပေးနေပုံတွေကို ထိုင်းရုပ်သံသတင်းတွေမှာ ထုတ်လွှင့်ပြသနေ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013