DVB Logo
Home
မြန်မာသတင်း
ရတနာပုံတက္ကသိုလ်ပါမောက္ခနှင့် မီဒီယာသမားများ၏ ပြဿနာ ကော်မတီဖွဲ့ စစ်ဆေးမည်
DVB
·
January 3, 2019
ရတနာပုံတက္ကသိုလ်ပါမောက္ခနှင့် မီဒီယာသမားများ၏ ပြဿနာ ကော်မတီဖွဲ့ စစ်ဆေးမည်
Donate to DVB

ရတနာပုံတက္ကသိုလ်ရှေ့ ကျောင်းသားဆန္ဒပြပွဲမှာ သတင်းယူတဲ့ မန္တလေးအခြေစိုက် သတင်းသမားတွေနဲ့ ရတနာပုံတက္ကသိုလ်၊ ပါမောက္ခ ဌာနမှူး ဒေါက်တာ ခင်သက်ကျော်တို့ ပြဿနာ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး  မီဒီယာကောင်စီက ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးဖို့ ရှိနေပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မတီကိုအဖွဲ့ဝင် ၅ ဦးနဲ့ ဖွဲ့စည်းလိုက်တာလို့  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က ပြောပါတယ်။

ကော်မတီဥက္ကဋ္ဌအဖြစ် ဦးကျော်နိုင်(စာရေးဆရာထက်မြတ်)ကတာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် ဦးသာလွန်ဇောင်းထက်နဲ့ အဖွဲ့ဝင်တွေအဖြစ် ဦးဇေယျ၊ ဦးပိုင်စိုးဦးနဲ့ ဒေါ်သူဇာတို့ကို တာဝန်ပေးအပ်ခဲ့တာပါ။

စုံစမ်းစစ်ဆေးရေးကော်မတီအနေနဲ့ ဖြစ်စဉ်အသေးစိတ်ကို ၁၄ ရက်အတွင်း ကွင်းဆင်း စုံစမ်းစစ်ဆေးပြီး ဇန်နဝါရီ ၁၇ ရက် နောက်ဆုံးထားကာ သတင်းမီဒီယာကောင်စီကို ပြန်လည် တင်ပြအစီရင်ခံရမှာ ဖြစ်ပါတယ်။

၂၀၁၈ ဒီဇင်ဘာ ၂၈ရက်က ရတနာပုံ တက္ကသိုလ်ကျောင်းသားတချို့က ကျောင်းသားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျောင်းရှေ့မှာ အာဏာပိုင်တွေရဲ့ဓာတ်ပုံတွေကို  မီးရှို့ ဆန္ဒပြခဲ့ကြတာပါ။

ဒီဆန္ဒပြပွဲကို လာရောက်သတင်းယူတဲ့ သတင်းထောက်တွေအပေါ် ရတနာပုံတက္ကသိုလ် အဏုဇီဝဗေဒ ဌာနမှူး ဒေါက်တာခင်သက်ကျော်က နှုတ်နဲ့ စော်ကားပြောဆိုခဲ့တယ်ဆိုပြီး  မန္တလေး အခြေစိုက် သတင်းသမားတွေက ၇ ရက်အတွင်းတောင်းပန်ဖို့ ဒီဇင်ဘာ ၂၉ ရက်က တောင်းဆို ထားပါတယ်။

ဒေါက်တာခင်သက်ကျော်ကတော့ တောင်းပန်​ခြင်းမပြုလုပ်​နိုင်​တဲ့ အပြင် သတင်းသမားတွေကို ပြန်​လည်​တရားစွဲဆိုမယ်လို့  ဆုံးဖြတ်​ထားတယ်လို့ သိရပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013