DVB Logo
Home
မြန်မာသတင်း
နှစ်သစ်အလှူအဖြစ် အကယ်ဒမီရွှေကြယ်ကို ရွှေတိဂုံဘုရားတွင် ခိုင်သင်းကြည် လှူဒါန်း (ဓာတ်ပုံ)
DVB
·
January 3, 2019
နှစ်သစ်အလှူအဖြစ် အကယ်ဒမီရွှေကြယ်ကို ရွှေတိဂုံဘုရားတွင် ခိုင်သင်းကြည် လှူဒါန်း (ဓာတ်ပုံ)
1 / 4
Donate to DVB

မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ၂ ဆုရရှိခဲ့ပြီးဖြစ်တဲ့ သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်ဟာ ၂၀၁၉ နှစ်သစ်အလှူအဖြစ် သူရရှိခဲ့တဲ့ အကယ်ဒမီရွှေကြယ်ကို ဇန်န၀ါရီ ၂ ရက်နေ့က ရွှေတိဂုံဘုရားမှာ လှူဒါန်းခဲ့ပါတယ်။

ရွှေကြယ်ပေါ်မှာတော့ လှူဒါန်းမယ့် ရက်စွဲနဲ့ နာမည်ကို ထိုးထားခဲ့ပြီးဖြစ်ကာ သူ ပထမဆုံး အကယ်ဒမီဆုရရှိခဲ့တဲ့ ရွှေကြယ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုတိယမြောက် အကယ်ဒမီရွှေကြယ်ကိုတော့ အောင်ဇမ္ဗူဘုန်းကြီးကျောင်းက ဘုရားမှာ လှူဒါန်းထားခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ အကယ်ဒမီရွှေကြယ်ကို သမီးဖြစ်သူ စံထိပ်ထားဦးနဲ့အတူ လှူဒါန်းခဲ့တဲ့ ဓာတ်ပုံတွေကို မျှဝေထားခဲ့ပြီး ခုလိုရေးသားဖော်ပြထားခဲ့တာပါ။

“ပဋ္ဌာန်းရွတ်ဖတ်ပူဇော်၊ ရွှေကြယ်ကပ်လှူပူဇော်၊ ဒီနေ့မှ နှစ်သစ်အလှူလေး လုပ်ဖြစ်တယ်ရှင်။ မနေ့က ခရီးကအပြန် လမ်းမှာကားတွေပိတ်ပြီး နောက်ကျသွားလို့ ဘုရားလည်း မသွားလိုက်ရ၊ သုသုလေးရဲ့ မင်္ဂလာပွဲလည်း မသွားလိုက်ရဘူး။ ဒီအကယ်ဒမီရွှေကြယ်လေးကို နှစ်သစ်မှာ လှူဖို့အတွက် ရက်စွဲလေးထိုးထားတာပါ။ (ဒီကြယ်က ပထမဦးဆုံးရတဲ့ကြယ်ပါ ဒုတိယရတဲ့ ကြယ်ကတော့ အောင်ဇဗ္ဗူဘုန်းကြီးကျောင်းက ဘုရားမှာလှူထားပါတယ်ရှင့်) အဲဒီတုန်းက ပရိသတ်တွေ အရမ်းရစေချင်ပြီး ဆုတောင်းပေးခဲ့ကြ၊ အားပေးခဲ့ကြလို့ ရခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ပရိသတ်တွေရဲ့ အလှူလို့လည်း ပြောလို့ပါတယ်ရှင့်၊ ချစ်ပရိသတ်များ ကျန်းမာ ချမ်းသာပြီး ပျော်ရွှင်ကြပါစေရှင့်။”

သွက်လက်တက်ကြွတဲ့ ပုံစံနဲ့ သရုပ်ဆောင်တတ်တဲ့ ပရိသတ်အချစ်တော် အကယ်ဒမီ ခိုင်သင်းကြည်ဟာ လက်ရှိအချိန်မှာလည်း ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်နေပြီး ပရိသတ် အားပေးမှုတွေရရှိနေတဲ့ အနုပညာရှင်တယောက် ဖြစ်ပါတယ်။

သူဟာ ၂၀၁၃ ခုနှစ်မှာ စုန်းပြူးရုပ်ရှင်ကားနဲ့ ပထမဆုံး ရုပ်ရှင်အကယ်ဒမီဇာတ်ပို့ ထူးချွန်ဆုကို ရရှိခဲ့တာဖြစ်ပြီး ဒုတိယမြောက် ဇာတ်ဆောင်အကယ်ဒမီဆုကိုတော့ ၂၀၁၄ ခုနှစ်မှာ ကောင်းကျိုး ကိုယ်၌ တည်စေမင်း ရုပ်ရှင်ကား နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013