DVB Logo
Home
မြန်မာသတင်း
‘ပါဘက်’အပူပိုင်းမုန်တိုင်း ကော့သောင်းအရှေ့တောင်ဘက် ပင်လယ်ပြင်ကို ဗဟိုပြုနေ
DVB
·
January 3, 2019
‘ပါဘက်’အပူပိုင်းမုန်တိုင်း ကော့သောင်းအရှေ့တောင်ဘက် ပင်လယ်ပြင်ကို ဗဟိုပြုနေ
Donate to DVB

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ “ပါဘက်”(Pabuk)  အပူပိုင်းမုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင်၄၁၀ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလဌာနက ဒီကနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။

အပူပိုင်းမုန်တိုင်း"ပါဘက်"(Pabuk) အရှိန်ကြောင့် ဇန်န၀ါရီ ၄ရက်ကနေ ဇန်န၀ါရီ ၇ရက်အတွင်း ပြည်နယ်တိုင်း ၁၂ခုမှာ အချိန်အခါမဟုတ်မိုးတွေရွာသွန်းနိုင်တယ်လို့ မိုးလေ၀သဌာန က သတင်းထုတ်ပြန်ထားပါတယ်။

မိုးလေ၀သဌာနရဲ့ ဇန်န၀ါရီ ၃ရက် မွန်းလွဲ ၂နာရီအချိန်ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးရွာနိုင်တယ်။

နေပြည်တော်၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊၊ ပဲခူးတိုင်း၊၊ ဧရာဝတီတိုင်း၊၊ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေ၀သသတင်းမှာ ဖော်ပြပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီး နိုင်ပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်က မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၆)ပေကနေ (၉)ပေခန့် ရှိနိုင်ပါတယ်။

တောင်တရုတ် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း"ပါဘက်"(Pabuk)ဟာ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့ရဲ့ အရှေ့တောင်ဘက် (၂၉၅)မိုင်ခန့်ကို ဗဟိုပြုနေပါတယ်။

အပူပိုင်းမုန်တိုင်းဟာ အနောက်-အနောက်မြောက်ဘက်ကို  ဆက်လက်ရွေ့လျားပြီး၊ ကုန်းတွင်းကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ရဲ့ တောင်ဘက်ရှိ နခွန်စီသမာရက်မြို့(ထိုင်းနိုင်ငံ)အနီးကနေ ဖြတ်ကျော်ဝင်ရောက်ပြီး ကပ္ပလီပင်လယ်ပြင်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013