DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ မဲဆောက်မြို့က ၄ လောင်းပြိုင် လူသတ်မှုတရားခံကို မြ၀တီတွင်ရုံးထုတ်
DVB
·
January 3, 2019
ထိုင်းနိုင်ငံ မဲဆောက်မြို့က ၄ လောင်းပြိုင် လူသတ်မှုတရားခံကို မြ၀တီတွင်ရုံးထုတ်
1 / 2
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တောင်တိုက်နယ်ရှိ ကြံစိုက်ခင်းခြံထဲက နေအိမ်မှာ  မြန်မာရွှေ့ပြောင်း အလုပ်သမားမိသားစုဝင် ၄ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လူသတ်တရားခံ ဦးရွှေကို  ဒီမနက် မြ၀တီမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တရားရုံးမှာ ရမန်ယူကာ မြ၀တီခရိုင်တရားရုံးကို အမှုလွှဲအပ်သွားမှာဖြစ်ပြီး ခရိုင်တရားရုံးကနေ အမှုကို ဆက်လက်စစ်ဆေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၅ ရက်ညက ဦးဖိုးသာအောင် ၄၆ နှစ်၊ ဇနီး ဒေါ်ခင်လှ ၄၆ နှစ်၊ သားကြီး စောပေါ့ ၄ နှစ်နဲ့  ၄ လရွယ်သားငယ်တို့ကို သူတို့နေထိုင်တဲ့ ထာ့ဆိုင်လွတ်အုပ်စုက တဲတလုံးထဲမှာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။

ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး သံသယရှိတဲ့ အိမ်နီးနားချင်းဖြစ်သူ ဦးရွှေနဲ့ ဇော်ဇော်တို့ကို  ထိုင်းရဲက အပူတပြင်းလိုက်လံရှာဖွေခဲ့ပေမယ့် မြန်မာနိုင်ငံထဲ ထွက်ပြေး လွတ်မြောက်သွားပြီး ဦးရွှေရဲ့ ဇနီးကိုသာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ညပိုင်းမှာတော့ ထွက်ပြေးတိမ်းရှောင်နေသူ နှစ်ဦးကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျးရွာမှာ ဖမ်းဆီးရမိပြီး မြ၀တီမြို့မရဲစခန်းမှာ ရာဇကြီးပုဒ်မ ၃၀၂နဲ့  တရားစွဲဆိုထားတာပါ။

အဆိုပါလူသတ်မှုကို မြန်မာနိုင်ငံဥပဒေအရ တိတိကျကျစစ်ဆေးပါက လူသတ်သမားကို သေဒဏ်အထိ ချမှတ်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးမျိုးအောင်က ပြောပါတယ်။

သတင်း - ဖိုးစီ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013