DVB Logo
Home
မြန်မာသတင်း
ငွေစက္ကူအတုကိုင် ဒိုက်ဦးအမျိုးသမီးအမှု ဒုတိယအကြိမ် ရုံးထုတ်တွင် အာမခံရရှိ
DVB
·
January 3, 2019
ငွေစက္ကူအတုကိုင် ဒိုက်ဦးအမျိုးသမီးအမှု ဒုတိယအကြိမ် ရုံးထုတ်တွင် အာမခံရရှိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ ၁၀၀၀၀ တန် ငွေစက္ကူအတု ကိုင်ဆောင်မှုနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ အမျိုးသမီးရဲ့အမှု ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးချိန်မှာ အာမခံရရှိခဲ့တယ်လို့ စစ်ဗိုလ်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့က နော်သော့သွဲ့ထူး အမှုအတွက် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး ခဲ့တာဖြစ်ပြီး အာမခံလျှောက်ထားရာမှာ သိန်း ၄၀၀ နဲ့ မြို့နယ်တရားသူကြီးက အာမခံပေးခဲ့တာလို့ ဆိုပါတယ်။

စစ်ဗိုလ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်းက “ရွာက လူ ၂ ဦးပဲ ပိုင်ဆိုင်မှုကိုပြပြီး လျှောက်ထားခဲ့တာပါ။ တဦးကို သိန်း ၂၀၀ နဲ့ စုစုပေါင်း သိန်း ၄၀၀ နဲ့ အာမခံ ရရှိခဲ့တယ်" လို့ ပြောပါတယ်။

ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ရွာနေ နော်သော့သွဲ့ထူးဟာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စင်ကာပူနိုင်ငံမှာ အိမ်အကူအလုပ် သွားရောက်အလုပ်လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် လုပ်အားခတွေကို အိမ်ရှင်အမျိုးသမီးဆီက တောင်းခံခဲ့ရာမှာ အိမ်ရှင် အမျိုးသမီးက စင်ကာပူနိုင်ငံက ငွေလဲကောင်တာတခုမှာ မြန်မာငွေလဲလှယ်ပြီး ရလာတဲ့ သိန်း ၃၀ လောက်ကို ပေးခဲ့ပါတယ်။

နော်သော့သွဲ့ထူး အသက် ၂၅ နှစ်ဟာ အဲဒီကရလာတဲ့  ၁ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူအတု ကိုင်ဆောင်မှုနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒိုက်ဦးမြို့မရဲစခန်းက သူ့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အရေးယူထားတာဖြစ်ပြီး ပုဒ်မ ၁၀၅ ဟာ ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ်၊ ပုဒ်မ ၁၀၆ ဟာ ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ နှစ်၂၀ ထိ ချမှတ်နိုင်တယ်လို့ ၂၀၁၃ ဗဟိုဘဏ်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဒီဇင်ဘာ ၂၀ ရက်က နေ့က ပထမအကြိမ်ရုံးထုတ် စစ်ဆေးချိန်မှာ ၁၀ နှစ်ကနေ နှစ် ၂၀ ထိ ချမှတ်နိုင်တဲ့ ပုဒ်မ ၁၀၆ ကို ဒိုက်ဦးမြို့နယ်တရားရုံးက ပယ်ဖျက်ပေးခဲ့ပြီ ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးချိန်မှာ ပုဒ်မ ၁၀၅ အတွက် အာမခံရရှိခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့ကို အမှုကိုပြန်လည်ချိန်းဆိုပြီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ ကို ဆက်လက်ရင်ဆိုင်သွားမယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013