DVB Logo
Home
မြန်မာသတင်း
တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော် ရန်ကုန်မြို့တွင် ကျင်းပ
DVB
·
January 3, 2019
တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော် ရန်ကုန်မြို့တွင် ကျင်းပ
1 / 10
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအဆင့် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၃ ရက်နေ့က ရန်ကုန်မြို့၊ အလုံ အ.ထ.က (၄) မှာ ကျင်းပပါတယ်။

စာပေပညာကို စိတ်ဝင်စားပြီး ဘက်စုံထူးချွန်မှုရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပေါ်ပေါက်လာစေဖို့အတွက် ပညာရေးစုံညီပွဲတော်တွေကို တနိုင်ငံလုံးမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပကြတာပါ။

တိုင်းနဲ့ပြည်နယ်အဆင့် ပညာရေးစုံပွဲတော်တွေနဲ့ ကျောင်းအလိုက် စုံညီပွဲတော်တွေကို ကျင်းပနိုင်ဖို့အတွက်လည်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနကနေ ငွေကြေးထောက်ပံ့ပေးထားပါတယ်။

ပညာရေးစုံညီပွဲတော်မှာ ထူးချွန်ကျောင်းသားတွေ၊ ဆရာဆရာမတွေကို ဂုဏ်ပြုဆု ချီးမြှင့်တာတွေ၊ အကအလှပြိုင်ပွဲတွေ၊ ပညာရပ်ဆိုင်ရာပြပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ကျင်းပ ခဲ့ကြတာပါ။

အဲဒီအခမ်းအနားကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ ၀န်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်ခဲ့ပါတယ်။

ဒီပညာသင်နှစ်မှာကျင်းပတဲ့ ရန်ကုန်တိုင်းအဆင့် ပညာရေးစုံညီ ပွဲတော်မှာတော့ အခြေခံ ပညာစာသင်ကျောင်းတွေအပြင် ကိုယ်ပိုင်ကျောင်းတွေကလည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

သတင်း - ဆုဆုသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013