DVB Logo
Home
မြန်မာသတင်း
ရွှေကျင်တွင် မူလတန်းကျောင်းသူတဦး အဓမ္မပြုကျင့်ခံရမှုဖြင့် ရဲစခန်းတွင်အမှုဖွင့်
DVB
·
January 3, 2019
ရွှေကျင်တွင် မူလတန်းကျောင်းသူတဦး အဓမ္မပြုကျင့်ခံရမှုဖြင့် ရဲစခန်းတွင်အမှုဖွင့်
Donate to DVB

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကမ်းနီကျေးရွာမှာ တတိယတန်းကျောင်းသူတဦး အဓမ္မပြုကျင့်ခံရတဲ့အတွက် ဇန်နဝါရီ ၁ ရက်ညမှာ မိခင်ဖြစ်သူက အမှုလာရောက်ဖွင့်ထားတယ်လို့ မြို့မရဲစခန်းမှူးက ပြောပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်ညက အိမ်နီးနားချင်းဖြစ်သူ ဦးအောင်ထူး (၅၈ နှစ်) က အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး သမီးဖြစ်သူရဲ့ ပြောပြချက်အရ ကတ်ကြေးပျောက်နေလို့ ကူရှာပေးဖို့ ခေါ်သွားပြီး အိမ်သာထဲမှာ တကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့အပြင် အရင်လကလည်း အိမ်ခန်းမှာ တကြိမ်နဲ့ မီးဖိုချောင် အတွင်း  နှစ်ကြိမ် ပြုကျင့်ခံခဲ့ရတာ သိရှိခဲ့လို့ အမှုလာဖွင့်ခဲ့တာလို့ မိခင်ဖြစ်သူက ပြောပါတယ်။

ရွှေကျင်မြို့မစခန်းမှူး ဒုရဲမှူးကျော်လွင်ဦးက“သူတို့နေတဲ့နေရာကလည်း ဝေးတယ်။ တောင်ပေါ်ကဆိုတော့ ညကလာ အမှုဖွင့်ထားတာပါ။ ဖမ်းထားပြီးပါပြီ” လို့ ဒီဗွီဘီကိုပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဦးအောင်ထူးကို (ပ) ၃/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013