DVB Logo
Home
မြန်မာသတင်း
ရခိုင်မျိုးချစ်ပါတီ ဖျက်သိမ်းပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းမည်
DVB
·
January 3, 2019
ရခိုင်မျိုးချစ်ပါတီ ဖျက်သိမ်းပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းမည်
Donate to DVB

ရခိုင်မျိုးချစ်ပါတီကိုပယ်ဖျက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပူးပေါင်းသွားမယ်လို့ ရခိုင် မျိုးချစ်ပါတီရဲ့ ဥက္ကဋ္ဌက ဦးဇော်ဝင်းထွန်းက ပြောကြားလိုက်ပါတယ်။

“ကျနော်တို့ ရခိုင်မျိုးချစ်ပါတီကို ဖျက်သိမ်းပြီးတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပူးပေါင်း မှာပါ။ ကျနော်တို့ ရခိုင်မျိုးချစ်ပါတီရဲ့ မူဝါဒ ရည်ရွယ်ချက် လမ်းစဉ်လုပ်ငန်းစဉ်တူတဲ့ ဘယ် အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ထဲမှာပါပါတယ်။ ပြီးတော့ ကျနော်တို့ ပါတီရဲ့ ခံယူချက်ထဲမှာ တဦးတယောက်ထဲနဲ့ သွားလို့မရပါဘူး။ တဖွဲ့တည်းနဲ့သွားလို့မရပါဘူး။ မူဆိုတာ ဒီအချက်တွေရှိတဲ့အတွက်ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တာပါ”

ဒေသအကျိုးစီးပွားရေးအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ လူမှုရေးအရပဲဖြစ်ဖြစ် တဦး တယောက် တဖွဲ့တည်းလုပ်တာထက် အားလုံးပူးပေါင်းပြီး လုပ်ဆောင်တာ ပိုအောင်မြင်မှာ ဖြစ်တဲ့အတွက် အခုလို ပူးပေါင်းတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်မျိုးချစ်ပါတီအနေနဲ့ ပါတီပယ်ဖျက်ခွင့်ကို အခုဇန်န၀ါရီလ ဒုတိယပတ်လောက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်မျိုးချစ်ပါတီကို  ၂၀၁၅ ခုနှစ် ဇွန်လ၁၅ ရက်က မှတ်ပုံတင်ခွင့်ပြုချက်ရရှိထားတာဖြစ်ပြီး ပါတီဝင် အင်အား ၅၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013