DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအစိုးရနှင့် အလဲဗင်းမီဒီယာအမှုကိစ္စ သတင်းမီဒီယာကောင်စီ ခေါ်ယူတွေ့ဆုံ
DVB
·
January 3, 2019
ရန်ကုန်တိုင်းအစိုးရနှင့် အလဲဗင်းမီဒီယာအမှုကိစ္စ သတင်းမီဒီယာကောင်စီ ခေါ်ယူတွေ့ဆုံ
Donate to DVB

ရန်ကုန်တိုင်းအစိုးရနဲ့ အလဲဗင်းမီဒီယာတို့ ဖြစ်ပွားတဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၃ ရက် မနက်က နှစ်ဖက်တာဝန်ရှိသူတွေကို  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သီးခြားဆီ ခေါ်ယူတွေ့ဆုံနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရဘက်ကို မနက် ၁၀ နာရီမှာ တွေ့ဆုံမှာဖြစ်ပြီး အလဲဗင်းမီဒီယာ ဘက်ကိုတော့ မနက် ၁၁ နာရီမှာ တွေ့ဆုံခဲ့ပါတယ်။ ခုလို သီးခြားစီတွေ့ဆုံ ပြီးနောက် အဆင်ပြေပါက နှစ်ဖက်ထိပ်တိုက်ညှိနှိုင်းပေးမယ်လို့လည်း သိရပါတယ်။

အလဲဗင်းဂျာနယ် အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ကိုနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်ပါ ဆောင်းပါးနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရက  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့ပေမယ့် သမ္မတက လမ်းညွှန်လိုက်လို့ အောက်တိုဘာ ၁၇ ရက်က အမှုရုပ်သိမ်းပေးခဲ့ပါတယ်။

ဒါပေမယ့် ဆောင်းပါးပါ အချက်တွေဟာ မှားယွင်းနေတဲ့အတွက် ပြန်လည်တောင်းပန်ပေးဖို့ တိုင်းအစိုးရဘက်က တောင်းဆိုထားပြီး လိုက်နာကျင့်သုံးမယ်ဆိုပါက အမှုပြီးစီးသွားမှာဖြစ်ပြီး လိုက်နာကျင့်သုံးမှုမရှိဘဲ စာနယ်ဇင်းကောင်စီက ကြားဝင်ညှိနှိုင်းရာမှာ မအောင်မြင်ရင်တော့ ဥပဒေ ကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၈ ရက်နေ့မှာ ပြောဆိုထားပါတယ်။

အလဲဗင်းမီဒီယာဘက်ကလည်း သူတို့ဖော်ပြတဲ့ ဆောင်းပါးပါ အချက်အလက်တွေဟာ မှန်ကန်တဲ့သတင်းရင်းမြစ်ရဲ့ ဖော်ပြချက်တွေဖြစ်တဲ့အတွက် တောင်းပန်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

အဲဒီနောက် ဒီအမှုကိစ္စနဲ့ပတ်သက်ပြီးနှစ်ဘက်အဆင်ပြေအောင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြားဝင်ညှိနှိုင်း ပေးနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013