DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း အထက်မြတ်လှဲရွာသို့ စစ်ဘေးရှောင် ၂၀၀ ကျော် ရောက်ရှိ
DVB
·
January 3, 2019
ပုဏ္ဏားကျွန်း အထက်မြတ်လှဲရွာသို့ စစ်ဘေးရှောင် ၂၀၀ ကျော် ရောက်ရှိ
1 / 4
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အထက် မြတ်လှဲကျေးရွာကို စစ်ဘေးရှောင်၂၀၀ ကျော် ဇန်နဝါရီ ၂ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

ကျောက်တော်မြို့နယ် ပညာကျေးရွာ၊ ပြင်ဆိပ်ကျေးရွာ၊ တဲဝကျေးရွာတွေက ပုဏ္ဏားကျွန်း မြို့နယ် အထက်မြတ်လှဲကျေးရွာကို ထွက်ပြေးလာကြတာလို့ အထက်မြတ်လှဲကျေးရွာ အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

“ကျောက်တော်မြို့နယ် ကျေးရွာသုံးရွာ ၃ ရွာက ထွက်ပြေးလာကြတာပါ။ အဲ့ဒီမှာ တဲဝ ကျေးရွာ၊ အတွင်း ပညာကျေးရွာ၊ ပြင်ဆိပ်ကျေးရွာ၊ အိမ်ထောင်စု ၄၀ လူဦးရေ ၂၂၁ ဦး မနေ့ညက ရောက်ရှိလာတာပါ။ စစ်ဘေးရှောင်ပြည်တွေတွေဟာ ကျေးရွာတွေမှာ စားနပ်ရိက္ခာတွေ ပြတ်တောက်မှု၊ အပြင်ထွက်ပြီး သွားလာခွင့် မရတာတွေ၊ လယ်ယာလုပ်ငန်းတွေ အလုပ်မလုပ်ရဲ တာတွေကြောင့် အခုလို ထွက်ပြေးတိမ်းရှောင်လာရတာ” လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးလပြည့်အောင် ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ပညာက ထွက်ပြေးလာတဲ့ အိမ်ထောင်စု ၁၄ စု လူဦးရေ ၁၁၇ ဦး၊ တဲဝကျေးရွာက အိမ်ထောင်စု ၂၁ စု လူဦးရေ ၈၉ ဦး၊ ပြင်ဆိပ်ကျေးရွာက ထွက်ပြေးလာကြတဲ့ အိမ်ထောင်စု ၅ စု လူဦးရေ ၁၅ ဦး၊ စုစုပေါင်း ၂၂၁ ဦး ရောက်ရှိလာတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာရဲ့အပြင်ဘက် ဘုန်းတော်ကျောင်းအနီးမှာ နေရာချထားပေးပြီး စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဒီကနေ့မှာ မြတ်လှဲကို သွားရောက်ကူညီထောက်ပံ့ပေးသွားမယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့ ကျနော်တို့ မြတ်လှဲစစ်ဘေးရှောင်တွေကို သွားဖို့ စီစဉ်ထားပါတယ်။ အိမ်ထောင်စု ၄၀ ရယ်၊ လူဦးရေ ၂၀၀ ကျော်လို့ ကျနော်တို့ စားရင်းရထားပါတယ်။ ဆန်ဆီဆားတွေကို ထောက်ပံ့ ပေးသွားမှာပါ။ အဲဒီမှာ အဝတ်အထည်တွေပါတယ်” လို့ပြောပါတယ်။

ရခိုင်ပြည်နယ် မြို့နယ်လေးမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်စစ်ပွဲ တွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ၄၀၀၀ နီးပါ ရှိလာနေပြီး ရခိုင်ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြောပါတယ်။

သူတို့တွေကတော့ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသတော့င်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်တွေက ထွက်ပြေးလာကြတာဖြစ်ပြီး တချို့ထွက်ပြေးလာကြတဲ့နေရာတွေမှာ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

လက်တလောမှာ မနေ့ကအထိ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ စစ်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ တဖြည်းဖြည်းနဲ့ ပိုများလာနေတယ်လို့ လူမှု ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013