DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ၀ီစကီအရက်အတု ပုလင်း ၅၀၀၀ ကျော် သိမ်းဆည်းရမိ
DVB
·
January 3, 2019
မန္တလေးတွင် ၀ီစကီအရက်အတု ပုလင်း ၅၀၀၀ ကျော် သိမ်းဆည်းရမိ
Donate to DVB

မန္တလေးမှာနာမည်ကြီးနိုင်ငံခြားအရက်အတု ပုလင်းပေါင်း ၅၇၀၀ ကျော် သိမ်းဆည်းရမိလို့  အရေးယူထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇန်န၀ါရီ ၁ရက်က မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ အကွက် (၆၁၉)၊ တိုက်အမှတ်(၁)နေကိုတူးဆိုသူရဲ့ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေခဲ့တာပါ။

ရှာဖွေရာမှာ အရက်အတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ပုလင်းအဖုံးခွံတွေ၊ ရေစစ်တွေ၊ ဘောသီးပါ ပလပ်စတစ်ဗူးဆို့တွေ၊ ဝါရှာပြားတွေ၊ Black Label၊ Red Label၊ Gold Label၊ High Commissioner၊ Dunfife၊ Ballantines၊ Glan Master စာတမ်းတံဆိပ်ပါစာရွက်တွေ၊ နိုင်ငံခြား ထုတ်အရက်အတု တံဆိပ်မျိုးစုံကပ်ထားတဲ့ အရက်ပုလင်း ၅၇၆ဝ လုံးသိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အရက်တုတွေဖမ်းမိတာနဲ့ ပတ်သက်ပြီး  ကိုတူး(ခ)ထွန်းဦးကို ချမ်းအေးသာစံမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ နဲ့  အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013