DVB Logo
Home
မြန်မာသတင်း
သာကေတမြို့တည် နှစ် ၆၀ ပြည့်ပွဲတော်ကျင်းပမည်
DVB
·
January 2, 2019
သာကေတမြို့တည် နှစ် ၆၀ ပြည့်ပွဲတော်ကျင်းပမည်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်မှာရှိတဲ့ သာကေတမြို့တည်ခြင်း နှစ် ၆၀ ပြည့်ပွဲတော်ကို ဇန်နဝါရီ ၄ရက်ကနေ  ၅ရက်အထိ နှစ်ရက်တိုင်တိုင်ကျင်းပသွားမယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံကနေ သိရပါတယ်။

ပွဲတော်ပထမရက်မှာတော့ သာကေတမြို့နယ်အားကစားကွင်းမှာ စာပေဟောပြောပွဲ၊ စာအုပ်ဈေးရောင်းပွဲနဲ့ ဂီတဖျော်ဖြေရေးတွေကျင်းပသွားဖို့ အစီအစဉ်ရှိပါတယ်။

ဇန်နဝါရီ၅ ရက် မနက်ပိုင်းမှာတော့ သာကေတမြို့အဝင် ကျောက်တိုင်ဖွင့်ပွဲ၊ Fortune Plaza Exhibition Hall မှာ မြို့တည်နှစ် ၆၀ ပြည့်အခမ်းအနားကျင်းပမှာဖြစ်ပြီး ညနေပိုင်းမှာတော့ မြို့နယ်အားကစားကွင်းမှာ ပျော်ပွဲရွှင်ပွဲတွေ၊ ဖျော်ဖြေရေးတွေနဲ့ စည်စည်ကားကား ကျင်းပသွားမယ် လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သာကေတမြို့သစ်ကို ၁၉၅၉ ခုနှစ်ကစတင်ပြီး ရပ်ကွက် ၁၉ခုနဲ့စတင်တည်ထောင်ခဲ့ပါတယ်။ သာကေတမြို့နယ်ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက်တွေမှာ သင်္ဃန်ကျွန်းမြို့နယ်၊ အရှေ့ဘက်မှာ ပဲခူးမြစ်၊ တောင်ဘက်မှာ ဒေါပုံမြို့နယ်တို့တည်ရှိပါတယ်။ လက်ရှိမှာတော့ သာကေတမြို့နယ်မှာ လူဦးရေ နှစ်သိန်းနှစ်သောင်းကျော်နေထိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013