DVB Logo
Home
မြန်မာသတင်း
ဘီဂျီအက်ဖ်တပ်ဖွဲ့ဝင်ချင်းပစ်ခတ်မှုဖြစ်ပွား  ၅ ဦးသေ၊ အရပ်သား ၁ ဦး ဒဏ်ရာရ
DVB
·
January 2, 2019
ဘီဂျီအက်ဖ်တပ်ဖွဲ့ဝင်ချင်းပစ်ခတ်မှုဖြစ်ပွား  ၅ ဦးသေ၊ အရပ်သား ၁ ဦး ဒဏ်ရာရ
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင် ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှာ ဘီဂျီအက်ဖ်နယ်ခြားစောင့်တပ်သားတဦးရဲ့ ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင် လေးဦး သေဆုံး၊ အရပ်သားတဦး ဒဏ်ရာရရှိသွားပြီး စတင်ပစ်ခတ်ထွက်ပြေးသွားသူကို အသေဖမ်းမိခဲ့ပါတယ်။

မနေ့ ည ၈နာရီ ၄၅ လောက်က ရွာသစ်ကျေးရွာ၊ အောင်ဇေယျလမ်းရှိ ၉၀၁ ၀င်း အတွင်းအခြေပြုထားတဲ့ နယ်ခြားစောင့်တပ်အမှတ် ၁၀၂၁က လုံခြုံရေးဆောင်ရွက်နေတဲ့  တပ်သားစောပေပေ(၂၃နှစ်)ဟာ တခြားတပ်သားတွေဖြစ်တဲ့ တပ်ကြပ်ကြီး တာအဲ့သူး၊ တပ်ကြပ် စောသာခွား(ခ)နငယ်၊ ဒုတပ်ကြပ် မြတ်ထွေး၊ တပ်သားအောင်ပိုင်တို့ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

ပစ်ခတ်ပြီးနောက် လမ်းမပေါ်ထွက်ကာ သင်္ဃန်းညီနောင်မှ မြ၀တီဘက်သို့သွားမယ့် HONDA Wave ဆိုင်ကယ်မောင်းနှင်လာတဲ့ အရပ်သား ကိုညီညီလှိုင်(၃၂နှစ်)ကို သေနတ်နဲ့ ထပ်မံ ပစ်ခတ်ပြီး ဆိုင်ကယ်ယူဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

ထွက်ပြေးသွားတဲ့ တပ်သားစောပေပေကို ဒီနေ့မနက် ၁၁ နာရီလောက်မှာ အသေပစ်ခတ် ဖမ်းဆီးရမိပြီလို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)  ပြောခွင့်ရသူ ဗိုလ်မှူးကြီး မောင်မောင်လတ်က ဒီဗွီဘီကို ပြောပါတယ်။

“ ၁၁ နာရီမှာ အသေရတယ်ဗျာ။ မနက် ၁၁ နာရီက။ ဒီမြ၀တီက ဒေသအခေါ် သစ်ထိုးလော်  ရဲ့အရှေ့တောင် မီတာ ၂၀၀၀ အကွာမှာ အသေရတာဗျာ။ သူတို့က ငါးယောက်ပေါ့နော်။ ငါးယောက်မှာ လေးယောက်ကို ပစ်ပြီးတော့ ဒီကောင်က ပြေးတာ။ လေးယောက်ကလည်း သေသွားတယ်။ အဲဒီတယောက်ကလည်း အခု အသေပဲရတော့တယ်။ ဘာကြောင့်ဖြစ်သလဲ ဆိုတဲ့ဟာကတော့ အခု မြ၀တီက ဗျူဟာမှူးက စိစစ်ဆဲပဲဗျာ။”

ဆိုင်ကယ်လုယူခံရပြီး သေနတ်ဒဏ်ရာရသွားတဲ့  ကိုညီညီလှိုင်ရဲ့ ဇနီးဖြစ်သူကတော့ မြ၀တီရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတဲ့အတွက် အမှုဖွင့်ပေးထားတယ်လို့  မြ၀တီခရိုင်ရဲမှူး အောင်နိုင်ထွန်းက ပြောပါတယ်။

“သူ့အမျိုးသမီးက လာပြီးတော့ ကျနော်တို့ဆီမှာ အမှုလာဖွင့်ပါတယ်။ အဲဒီအတွက် ကျနော်တို့အမှုဖွင့်ပေးထားပါတယ်။ ၃၉၄ နဲ့ပေါ့။ လုယက်မှုနဲ့ပေါ့။ ”

ကိုညီညီလှိုင်ကတော့ သေနတ်ဒဏ်ရာရကြောင့်အခြေအနေဆိုးရွားနေပြီး  လက်ရှိမှာတော့ မြ၀တီ တဖက်ကမ်း မဲဆောက်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013