DVB Logo
Home
မြန်မာသတင်း
တနှစ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၇၅၀၀၀ ခန့် ထိုင်းနိုင်ငံက ပြန်ပို့
DVB
·
January 2, 2019
တနှစ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၇၅၀၀၀ ခန့် ထိုင်းနိုင်ငံက ပြန်ပို့
Donate to DVB

ထိုင်းနိုင်ငံမှာ နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်တာနဲ့ အထောက်အထားမဲ့ နေထိုင်တာတွေကြောင့် ၂၀၁၈ ခုနှစ် တနှစ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၇၅,၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက် ပြန်လွှဲပြောင်းပေးခဲ့ရပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကတဆင့် တာချီလိတ်မြို့ကို အလုပ်သမား ၆၅၁ ဦး၊ မဲဆောက်မြို့က တဆင့် မြဝတီမြို့ကို ၇၀၇၄၀ ဦး၊ ရနောင်းမြို့ကတဆင့် ကော့သောင်းမြို့ကို ၃၃၄၀ ဦး၊ စုစု​ပေါင်း ၇၄၇၃၁ ဦးကို နယ်စပ်ဂိတ်တွေကတဆင့် လွှဲပြောင်းပေးအပ်ခဲ့တာလို့ ဘန်ကောက်ရှိ အလုပ်သမား သံအရာရှိရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေကို ပွဲစားတွေက တရားမဝင်လမ်းတွေကတဆင့် ခေါ်ဆောင်လာလို့ အခက်အခဲတွေ့ပြီး အလုပ်သမား သံအရာရှိရုံးကို ဆက်သွယ် အကူအညီ တောင်းခံလာသူပေါင်း ၂၄၆ ဦး ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်လိုသူတွေ အနေနဲ့ လူကုန်ကူးမခံရစေဖို့၊ မှန်ကန်တဲ့ ရွှေ့ပြောင်းသွားလာမှု ဖြစ်စေဖို့နဲ့ တရားဝင် အလုပ်သွားလုပ်နိုင်မယ့် နည်းလမ်းတွေ၊ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ မြို့နယ်အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ အလုပ်အကိုင်နဲ့ အလုပ်သမား ရှာဖွေရေးရုံးတွေကို ဆက်သွယ်မေးမြန်းကြဖို့ အလုပ်သမား သံအရာရှိရုံးက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013