DVB Logo
Home
မြန်မာသတင်း
နှင်းဆီအဖွဲ့သားများ၏ နှင်းဆီပုဝါခြုံတဲ့လက်အငြိမ့် ရန်ပုံငွေဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
January 2, 2019
နှင်းဆီအဖွဲ့သားများ၏ နှင်းဆီပုဝါခြုံတဲ့လက်အငြိမ့် ရန်ပုံငွေဖျော်ဖြေပွဲ ကျင်းပမည်
Donate to DVB

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ပါဝင်တင်ဆက်တဲ့ နှင်းဆီအဖွဲ့သားတွေရဲ့ အငြိမ့် ရန်ပုံငွေဖျော်ဖြေပွဲကို အခုလ ရန်ကုန်မှာ  ၂ ရက်ကြာ ကျင်းပသွားဖို့ ရှိနေပါတယ်။

နာမည်ကြီး သရုပ်ဆောင်အဆိုတော်မင်းသားတွေ လူရွှင်တော်တွေအနေနဲ့ ပါဝင်ကြတဲ့ နှင်းဆီအငြိမ့်ပွဲကိုတော့ ဒီတကြိမ် နှင်းဆီပုဝါခြုံတဲ့လက်လို့ အမည်ပေးထားခဲ့ပြီး လာမယ့် ဇန်န၀ါရီ ၁၁ ရက် နဲ့ ၁၂ ရက်ည ၇ နာရီမှာ ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

နှင်းဆီအငြိမ့်အဖွဲ့ကို နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ကပြ ဖျော်ဖြေခဲ့တာမှာ အခုဖျော်ဖြေမယ့် ပွဲကတော့ ၁၃ ကြိမ်မြောက်ဖျော်ဖြေတဲ့ ပွဲဖြစ်ပါတယ်။

ဒီပွဲမှာတော့ နှင်းဆီအဖွဲ့သားတွေ ဖြစ်ကြတဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေး၊ ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည်မောင်တို့ ပါဝင်ကပြကြမှာ ဖြစ်ပါတယ်။

ကြိုတင်လက်မှတ်ဈေးနှုန်းတွေကိုတော့ ငွေကျပ် တသိန်း၊ ငါးသောင်း၊ သုံးသောင်း ဆိုပြီး သတ်မှတ်ထားပြီး လက်မှတ်တွေကို ဖုန်း - ၀၉ ၄၅၀၀ ၀၀ ၉၅၄၊ ၀၉ ၄၂၉၂ ၆၁ ၄၄၄ ကို ဆက်သွယ် မှာယူနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013