Home
မြန်မာသတင်း
နှစ်သစ်ကူးည ရန်ကုန်နှင့် မန္တလေးဆေးရုံကြီးကို လူနာ ၂၅၀ ကျော်ရောက်ရှိ၊ ၃ ဦးသေဆုံး
ပိုင်စိုး
·
January 2, 2019
13244697_1720097338231228_1531552848180137543_n-622x350
ပြီးခဲ့တဲ့ နှစ်သစ်ကူးညက ရန်ကုန်နဲ့ မန္တလေးဆေးရုံကြီးကို အရေးပေါ် လူနာပေါင်း ၂၅၀ ကျော်ရောက်ရှိလာပြီး ၃ ယောက်သေဆုံးခဲ့ပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ထိခိုက်ဒဏ်ရာနဲ့ ရောက်ရှိလာသူတွေထဲမှာ ပြင်ပလူနာ အယောက် ၁၀၀၊ အတွင်းလူနာအယောက် ၇၀ ရှိပြီး သေဆုံးပြီး ရောက်လာသူ ၃ ယောက်ရှိ တယ်လို့ ဆေးရုံကြီးက ထုတ်ပြန်ပါတယ်။ မန္တလေးဆေးရုံကြီးကိုတော့ ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီကနေ ဇန်နဝါရီ ၁ ရက် မနက် ၈ နာရီအထိ လူနာပေါင်း ၈၁ ယောက် ရောက်လာခဲ့ပြီး သေဆုံးသူတော့ မရှိဘူးလို့ လူမှုဆက်ဆံရေးတာဝန်ခံ ဦးမင်းလွင်က ပြောပါတယ်။ “ဆေးရုံတက်ရတဲ့အတွင်းလူနာက ၂၁ ယောက်၊ ပြင်ပလူနာက ၆၀ ပါ။ ကျနော်တို့က ဒီထဲမှာထပ်ခွဲလိုက်တော့ ယာဉ်မတော်တဆမှုကြောင့် ရောက်လာတာ ၅၈ ယောက်၊ ခိုက်ရန်ဖြစ် ထိခိုက်တာက အယောက် ၂၀ နဲ့ တခြားအကြောင်းတွေကြောင့် ထိခိုက်မိတာ ၃ ယောက်ပါ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ နှစ်သစ်ကူးကာလတုန်းကတော့ မန္တလေးဆေးရုံကြီးကို ထိခိုက်ဒဏ်ရာရသူ ၆၀ကျော်ရောက်လာခဲ့ပြီး သေဆုံးသူ ၄ ဦးရှိခဲ့တယ်လို့ ဆေးရုံမှတ်တမ်း အရသိရပါတယ်။ နှစ်သစ်ကူးကာလဖြစ်တဲ့ ဒီဇင်ဘာ ၃၁ရက် မနက်ပိုင်းကနေ ဇန်န၀ါရီ ၁ ရက် မနက်အထိ အရေးပေါ်ကာလအဖြစ်သတ်မှတ်ပြီး ရန်ကုန်နဲ့ မန္တလေး ပြည်သူ့ ဆေးရုံကြီးတွေမှာ ဆရာဝန်တွေ၊ ၀န်ထမ်းတွေကို အင်အား နှစ်ဆတိုးမြှင့်ချထား ကုသပေးခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024