DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ခိုလှုံရာနေရာ တည်ဆောက်ပေးစေလို
DVB
·
January 1, 2019
ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ခိုလှုံရာနေရာ တည်ဆောက်ပေးစေလို
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ချောင်းကျေးရွာအုပ်စု၊ စိုင်းဒင်ပြိုင်းချောင်းဈေး ကျေးရွာမှာ​ရောက်​ရှိ​နေတဲ့ စစ်​​ဘေး​ရှောင်​ဒုက္ခသည်​တွေအနေနဲ့ နေစရာလိုအပ်သလို ကလေးငယ်တွေ ပညာသင်ကြားဖို့လည်း အခက်အခဲ ကြုံတွေ့နေပါတယ်။

ပုဏ္ဏားကျွန်းမြိုနယ်၊ မီးကျောင်းခုတ်ကျေးရွာနဲ့ အဝပြန်ကျေးရွာက မိသားစု ၃၁ စု လူဦးရေ ၁၃၄ ဦး စစ်ဘေးဒုက္ခသည်တွေ ထွက်ပြေးခိုလှုံလာကြတာဖြစ်ပြီး အခုလို စစ်ဘေးရှောင် နေရတာဟာ သုံးကြိမ်ရှိပြီလို့ စစ်ဘေးရှောင် တဦးက ပြောပါတယ်။

မီးကျောင်းခုတ် ကျေးရွာသား အသက် ၄၀ အရွယ်  ဦးဖဒူအောင်က "ကျနော်တို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒီတခါဆိုရင်  တိုက်ပွဲဖြစ်တာ သုံးခါရှိပါပြီ။ ကျနော်တို့ ကျေးရွာတွေပဲ ပြေးကြရတာပါ။ ကျန်ခဲ့တဲ့ ဝက်၊ဆိတ်၊ ကြက်၊ဆန်စတဲ့ ကိုယ်ပိုင် ဥစ္စာတွေ ဆုံးရှုံးခဲ့တာ သုံးခါရှိပါပြီ” လို့ပြောပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့ လတ်တလောမှာ နေထိုင်စရာအခက်ခဲတွေ ဖြစ်ပေါ်နေ တာကြောင့် နိုင်ငံတော်ကချပေးမယ့် ဘေးကင်းလုံခြုံရာ နေရာတခုမှာ အမြဲနေထိုင်နိုင်မယ့် ကျေးရွာတရွာ တည်ဆောက်ပေးဖို့ မျှော်လင့်နေကြပါတယ်။

အ၀ပြန်​​ကျေးရွာသူ ဒေါ်ကြာပွင့်က" ကျမတို့ ကျေးရွာနားမှာ တိုက်ပွဲတွေဖြစ်တယ်။ ကျမတို့ဒုက္ခရောက်တယ်။ ကျမတို့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ယူဆောင်ဖို့မလွယ်ဘူး။ အိုးခွက်ပုဂံတွေကအစ ဒီလိုထားခဲ့ရတယ်။ ကျမတို့ ဒီနေရာမှာ ရောက်လာတာ ကလေးတွေရဲ့ ပညာရေးလည်း ဆုံးရှုံးမှုရှိနေတယ်။ အေးချမ်းလာရင်လည်း  ကျမတို့ရွာကို လုံးဝပြန်မသွားတော့ပါ။ နိုင်ငံတော်က ချပေးတဲ့ နေရာတခုမှာ အေးအေးချမ်းချမ်း လုံလုံခြုံခြုံနေချင်ပါတယ်”လို့ ပြောပါတယ်။

မီးကျောင်းခုတ်ကျေးရွာနဲ့ အဝပြန်ကျေးရွာမှာ လတ်တလော အိမ်တစ်ဆောင်မှ မကျန်တော့ပဲ အားလုံး စစ်ဘေးကြောင့် ထွက်ပြေးလာခဲ့ကြတာဖြစ်ပြီး သူငယ်တန်းကနေ လေးတန်းအထိ ပညာသင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၃၀ လောက် ပါရှိပါတယ်​။

ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်အနီးဈေးရွာမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ဒီဇင်​ဘာ ၃၀ ရက်က ဘူးသီးတောင်အ​ရေး​ပေါ်ကူညီ​ရေးအဖွဲ့ကနေ စားနပ်ရိက္ခာနဲ့  အဝတ်အထည်တွေ လာရောက်ထောက်ပံ့နေတာတွေရှိသလို မောင်တောဂရုဏာ အသင်းကလည်း လှူဒါန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့လဆန်းကတည်းက တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီ ၁ ရက် မနက်ကလည်း  ဘူးသီးတောင်နဲ့ ကျောက်တော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အေအေ သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ဗညား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013