DVB Logo
Home
မြန်မာသတင်း
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်း လောကသာရဆု​​ရရှိ
DVB
·
January 1, 2019
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်း လောကသာရဆု​​ရရှိ
Donate to DVB

လောကအကျိုးသယ်ပိုးဆောင်ရွက် ငြိမ်းချမ်းရေးကြိုးပမ်းသူတွေကို ရွေးချယ်ပေးအပ်တဲ့ လောကသာရဆုကို ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံငြိမ်းချမ်းရေးအတွက်လှုပ်ရှား ဆောင်ရွက်ခဲ့တဲ့ ကိုသက်ဆွေဝင်းက ​ ၂၀၁၈ခုနှစ်အတွက် ရရှိပါတယ်​။

လောကသာရဆုကို လောကသာရဖောင်ဒေးရှင်းက​နေ ပေးအပ်တာဖြစ်​ပြီး အခုလို ဆုပေးအပ်တဲ့ (၄) ကြိမ်မြောက်အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက ပြင်ဦးလွင်မြို့နယ်​ အာရှအလင်းရောင်ကျောင်းတိုက်မှာ ပြုလုပ်​ခဲ့ပါတယ်​။

လောကသာရဖောင်ဒရေးရှင်ရဲ့ ဆုပေးပွဲဖြစ် မြောက်ရေးတာဝန်ခံ ဦး​ဇော်​သန်းက​ “ကိုသက်ဆွေဝင်းက  ကျွန်ုပ်တို့ကြောင့် ဘာသာရေးလူမျိုးရေး ပဋိပက္ခများမဖြစ်စေရ ဆိုတဲ့ ကမ်ပိန်းတွေ၊ ပန်းစကားဆိုတဲ့ ကမ်ပိန်းတွေကို ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ နောက်ပြီး အစဉ်တစိုက်လည်း ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းရေးကို ခုချိန်ထိ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်တယ်”လို့​ ပြော​ပါတယ်​။

လောကသာရဆုကို ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေ ခဲ့ကြတဲ့ ဆရာတော် ဦးဝိသုတ္တက ပထမဆုံးအကြိမ်​ရရှိကာ အဆိုတော် စောဖိုးခွားက ဒုတိယ အကြိမ်​ရရှိပြီး ပန်းရဲ့လမ်းအဖွဲ့ ဦးဆောင်သူ ဦးရဲလွင်က တတိယရရှိကာ စတုတ္ထမြောက် ​အ​နေနဲ့ ၂၀၁၈ ခုနှစ်​မှာ ကိုသက်​​ဆွေဝင်းက ရရှိခဲ့ပါတယ်​။

အခမ်းအနားကို အာရှအလင်း​ရောင်​ဆရာ​တော်ကဦး​ဆောင်​ပြီး နာယက ဆရာ​တော်​ဖြစ်​တဲ့ မြဝတီဆရာ​တော်​၊ မန္တ​လေးတိုင်း အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်​တွေ မြန်​မာပြည်​အနှံ့က ဘာသာ​ပေါင်းစုံ လူမျိုး​ပေါင်းစုံတို့ တက်​​ရောက်​ခဲ့ကြပါတယ်​။

လောကပါလ​ဖောင်​ဒ​ရေးရှင်းကို ၂၀၁၃ ခုနှစ်​က အဖွဲ့ဝင်အင်အား ၃၀​ ကျော်​နဲ့​​ စတင်​ဖွဲ့စည်း ခဲ့ပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013