DVB Logo
Home
မြန်မာသတင်း
အကယ်ဒမီပိုင်ဖြိုးသု မင်္ဂလာဦးအလှူအဖြစ် လူကြမ်းသရုပ်ဆောင်များကို ဆန်နှင့်ဆီလှူဒါန်း
DVB
·
January 1, 2019
အကယ်ဒမီပိုင်ဖြိုးသု မင်္ဂလာဦးအလှူအဖြစ် လူကြမ်းသရုပ်ဆောင်များကို ဆန်နှင့်ဆီလှူဒါန်း
1 / 8
Donate to DVB

သရုပ်ဆောင်အကယ်ဒမီ မင်းသမီး ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ရဲ့ မင်္ဂလာဦး အလှူအဖြစ် လူကြမ်းသရုပ်ဆောင်တွေနဲ့ စက်အဖွဲ့ကို ဆန်နဲ့ဆီ စားနပ်ရိက္ခာတွေ နှစ်သစ်မှာ ပေးအပ် လှူဒါန်းပါတယ်။

အလှူကို ဒီကနေ့ ဇန်နဝါရီ ၁ရက်မနက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြီး ရုပ်ရှင်အစည်းအရုံးဝန်ထမ်းတွေ၊ လူကြမ်းသရုပ်ဆောင် ၈၀ကျော်နဲ့ စက်အဖွဲ့သား ၁၀၀ကျော်အတွက် ဆန်အိတ်ပေါင်း ၃၀၀နဲ့  ဆီပုံး ၃၀၀ လှူဒါန်းခဲ့ပါတယ်။

လူကြမ်းသရုပ်ဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကိုလူချောပရဟိတအဖွဲ့ဟာ အနုပညာရှင်တွေရဲ့  ထောက်ပံ့ငွေတွေအပြင် စုဆောင်းထားတဲ့ ငွေတွေနဲ့ ၂၀၁၈ ခုနှစ်အတွင်း ရေဘေးဒုက္ခသည်တွေအတွက် အလှူငွေ ကျပ်သိန်း ၁၃၀ကျော် လှူဒါန်းခဲ့ပါတယ်။

ဓာတ်ပုံ-Paing Phyoe Thu

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013