DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပထမဆုံး ခေတ်မီနည်းပညာသုံး ဓာတ်မှန်စက် မွန်ပြည်နယ်တွင်တပ်ဆင်
DVB
·
January 1, 2019
မြန်မာ့ပထမဆုံး ခေတ်မီနည်းပညာသုံး ဓာတ်မှန်စက် မွန်ပြည်နယ်တွင်တပ်ဆင်
Donate to DVB

မြန်မာပြည်မှာ ပထမဆုံးဖြစ်တဲ့ ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက်ကို မွန်ပြည်နယ်မှာ တပ်ဆင်ခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဓာတ်မှန်စက်ကို ကျိုက်မရော၊ ဘီးလင်းနဲ့ ချောင်းဆုံမြို့နယ်တို့မှာ အသုံးပြုမှာ ဖြစ်ပြီး ဖွင့်ပွဲကိုတော့ ဒီဇင်ဘာ ၃၀ ရက်က ကျိုက်မရော ပြည်သူ့ဆေးရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “ဒီခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက် (Tele-radiology) ကို သုံးပြီး ဓာတ်မှန် ဆရာဝန်မရှိတဲ့ နေရာမှာ ရိုက်ထားတဲ့ ဓာတ်မှန်ကို အဝေးတနေရာက ဓာတ်မှန်ပါရဂူ/ ပါမောက္ခကြီးတယောက်က ရောဂါ အဖြေရှာစစ်ဆေးပေးနိုင်မှာ ဖြစ်လို့ အရည်အသွေးပိုပြည့်ဝတဲ့ ကုသမှုမျိုး ပေးနိုင်မှာ ဖြစ်ပြီး ပြည်သူတွေ၊ အထူးသဖြင့် သွားလာရခက်ခဲတဲ့ နေရာဒေသတွေမှာ နေထိုင်သူတွေအတွက် အကျိုးရှိစေမယ်”လို့ ပြောပါတယ်။

ကျိုက်မရော၊ ဘီးလင်းနဲ့ ချောင်းဆုံမြို့နယ် ၃ ခု မှာ သုံးဖို့ ဒစ်ဂျစ်တယ် ဓာတ်မှန်စက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေအတွက် ဘဏ္ဍာငွေ ကျပ် သိန်း ၄၂၀၀ လောက် ကျခံသုံးစွဲခဲ့တယ်လို့လည်း ပြောပါတယ်။

မွန်ပြည်နယ်မှာ ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက် သုံးတာကို ဆန်းစစ်သုံးသပ်ပြီး အတွေ့အကြုံတွေကို အခြေခံလို့ သွားလာရခက်ခဲတဲ့ ချင်း၊ ကချင်နဲ့ ကယား ပြည်နယ်တို့ကို ဦးစားပေးသတ်မှတ်ပြီး တခြား တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒ့ါအပြင် ဝန်ကြီးဌာနက ဖြန့်ဝေပေးနေတဲ့ Mobile Tablet တွေကို သုံးပြီး ကျန်းမာရေး သတင်းအချက်အလက်၊ စာရင်းဇယားတွေကိုသာမက စစ်တမ်းတွေကိုလည်း ကောက်ယူနိုင်ပြီ ဖြစ်ပြီး အခုလို ခေတ်မီဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက်နဲ့ ရောဂါစစ်ဆေး အဖြေထုတ်တဲ့ လုပ်ငန်းတွေမှာ Mobile Tablet တွေကို သုံးနိုင်ဖို့ ဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ ဒါဟာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး မွန်ပြည်နယ်မှာ ယာဉ်မတော်တဆမှုတွေ အပါအဝင် မတော်တဆ ထိခိုက်တာတွေနဲ့ အရေးပေါ် အခြေအနေတွေကြောင့် မသန်မစွမ်းဖြစ်တာ၊ သေဆုံးတာတွေ များနေလို့အခုလို ခေတ်မီ ဆက်သွယ်ရေး နည်းပညာသုံး ဓာတ်မှန်စက်ကို သုံးပြီး အချိန်တိုအတွင်း စစ်ဆေး အဖြေရှာ၊ ထိထိရောက်ရောက် ကုသပေးနိုင်မယ်လို့ ပြောပါတယ်။

ဒီလုပ်ငန်းတွေ ရေရှည်တည်တံ့ခိုင်မြဲစေဖို့၊ ပိုမိုကောင်းမွန်ပြီး ဖွံ့ဖြိုးစေဖို့ အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြဖို့လည်း ၀န်ကြီးချုပ်က မေတ္တာရပ်ခံပါတယ်။

ဓာတ်ပုံ- MOH&S

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013