DVB Logo
Home
မြန်မာသတင်း
လပွတ္တာတံတား ပြင်ဆင်ဆောက်လုပ်နေချိန် ဇက်ဖြင့်ကူးသန်းသွားသူများ အဆင်မပြေဖြစ်နေ
DVB
·
January 1, 2019
လပွတ္တာတံတား ပြင်ဆင်ဆောက်လုပ်နေချိန် ဇက်ဖြင့်ကူးသန်းသွားသူများ အဆင်မပြေဖြစ်နေ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ လပွတ္တာတံတားကို  ပြင်ဆင်တည်ဆောက်နေချိန်အတွင်း ခရီးသွားပြည်သူတွေ ဇက်နဲ့ ကူးသန်းသွားလာရာမှာ အဆင်မပြေတာတွေကို ဖြေရှင်းပေးသွားမယ်လို့ တိုင်းဒေသကြီးအစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။

လပွတ္တာတံတားကို ပိတ်လိုက်ပြီး ဇက်နဲ့ စတင်ကူးနေရချိန် ကတည်းက ဒေသခံတွေ အဆင်မပြေမှုတွေနဲ့ကြုံနေရတာပါ။

ဇက်ကူးခအဖြစ် ငွေပေးရတဲ့အပြင် ဇက်ဆိပ်အဆင်မပြေတာတာကြောင့် ကားတွေ ထိခိုက်ပျက်စီးတာ၊ အချိန်အကြာကြီးစောင့်ဆိုင်းရတာတွေရှိနေတယ်လို့ ဇက်အသုံးပြုသူ ကုန်တင်ကား မောင်းသမား ကိုသက်နိုင်က ပြောပါတယ်။

ဒါ့အပြင် ဇက်ကူးခတွေ ကောက်ခံတာနဲ့ ပတ်သက်လို့ ပြေစာထုတ်ပေးတာတွေ မရှိတဲ့ အပေါ်မှာလည်း  ဝေဖန်မှုတွေ ရှိနေပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး ကတော့ ဇက်ကော်မတီကိုဖွဲ့စည်းပြီး ဇက်လမ်းနောက်တခု တည်ဆောက်ပေးတာနဲ့ အရန်ဇက်တွေ ထားပေးပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်လို့ပြောပါတယ်။

လပွတ္တတံတားအနေနဲ့ ကြံ့ခိုင်မှုအားနည်းလာတာကြောင့်  မူလကြိုးတံတားပုံစံကနေ ပုံမှန် တံတားပုံစံကို ပြောင်းလဲတည်ဆောက်နေတာပါ။ ဒီတံတားကို တနှစ်အ တွင်း အပြီးတည်ဆောက်မှာဖြစ်ပြီး လာမယ့်စက်တင်ဘာလမှာ ဖွင့်လှစ်နိုင်ဖို့ တိုင်းအစိုးရက စီစဉ်နေပါတယ်။

ဓာတ်ပုံ- Department of Highways Ayeyarwady Region

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013