DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားပေါင်းစုံ နှစ်သစ်ကူး ရိုးရာဈေးပွဲတော် သုဝဏ္ဏ အားကစားရုံတွင်ကျင်းပ
DVB
·
January 1, 2019
တိုင်းရင်းသားပေါင်းစုံ နှစ်သစ်ကူး ရိုးရာဈေးပွဲတော် သုဝဏ္ဏ အားကစားရုံတွင်ကျင်းပ
1 / 11
Donate to DVB

တိုင်းရင်းသားပေါင်းစုံ နှစ်သစ်ကူး ရိုးရာဈေးပွဲတော်နဲ့ ဖျော်ဖြေပွဲကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ  ဒီဇင်ဘာ ၃၁ရက်ကစပြီး ၃ရက်ကြာ ကျင်းပနေပါတယ်။

ပွဲတော်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ဖျော်ဖြေမှုတွေ၊ ရိုးရာပွဲခင်းနဲ့ မီးပုံပွဲတော်အပြင် ဒေသထွက် အစားအစာတွေလည်း ရောင်းချခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ခင်းကျင်း ပြသခဲ့ပါတယ်။

ဖျော်ဖြေမှုအပိုင်းမှာလည်း တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရဲ့ အကအလှတွေကိုလည်း မရိုးရအောင် ဖျော်ဖြေခဲ့ပါတယ်။

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ  ပြန်ကြားရေးတာဝန်ခံ ဦးနိုင်ဝင်းထွဋ်က “ဒီပွဲတော်ဟာ တိုင်းရင်းသားလူမျိုးစုအားလုံး တနေရာထဲမှာ တစုတစည်းထဲ ကျင်းပပြုလုပ်နိုင်ခဲ့တာကြောင့် မြန်မာပြည်ကြီးရဲ့ငြိမ်းချမ်းရေးအတွက်လည်း အထောက်အကူပြုဖို့လည်း မျှော်လင့်ထားတယ်” လို့ ပြောပါတယ်။

ဒီပွဲတော်ကို တိုင်းရင်းသားရေးရာဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ပူးပေါင်း စီစဉ်ကျင်းပတာဖြစ်ပါတယ်။

ဓာတ်ပုံ-Ygn Gov

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013