DVB Logo
Home
မြန်မာသတင်း
Heart & Soul ရုပ်ရှင်ထုတ်လုပ်ရေးမှ အမျိုးသား၊ အမျိုးသမီး သရုပ်ဆောင်သစ်များခေါ်ယူ
DVB
·
January 1, 2019
Heart & Soul ရုပ်ရှင်ထုတ်လုပ်ရေးမှ အမျိုးသား၊ အမျိုးသမီး သရုပ်ဆောင်သစ်များခေါ်ယူ
Donate to DVB

Heart & Soul ရုပ်ရှင် ထုတ်လုပ်ရေးကနေ ရိုက်ကူးမယ့် အမ်တီဗွီတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်နိုင်ဖို့ သရုပ်ဆောင်သစ်တွေ ခေါ်ယူနေပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်အတွင်း ရှိရမှာဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ သရုပ်ဆောင်အလုပ်ကို စိတ်ဝင်စားကြတဲ့ အမျိုးသားတွေရော အမျိုးသမီးတွေပါ လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

လျှောက်လွှာကိုတော့ Heart & Soul Film Production ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ မှာ ဒေါင်းလုပ်ရယူဖြည့်စွက်ပြီး ပေးပို့လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

သရုပ်ဆောင်သစ်လျှောက်ထားသူတွေဟာ ကိုယ်ရေးအကျဉ်းကို ပြည့်စုံစွာဖြည့် စွက်ပြီး နှစ်လအတွင်းရိုက်ကူးထားတဲ့ အဖြူအစိမ်းကျောင်းစိမ်းဝတ်စုံဝတ် တကိုယ်လုံး အတည့်တပုံ၊ ဘေးတိုက်တပုံ၊ စိတ်ကြိုက်တကိုယ်လုံးပုံ တပုံ၊ မျက်နှာအနီးကပ် တပုံနဲ့ ကိုယ့်အကြောင်းကို မိတ်ဆက်ပြောပြထားတဲ့ တမိနစ်စာ ဗွီဒီယိုဖိုင်ကိုပါ ပူးတွဲပေးပို့ရမှာ ဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ လာမယ့် ဇန်န၀ါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီထိ ပေးပို့ လျှောက်ထားနိုင်မှာဖြစ်ပြီး အသေးစိတ်ကို ဖုန်းနံပတ် ၀၉ ၆၉၈၆ ၉၈၁၆၀ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

Heart & Soul ရုပ်ရှင်ထုတ်လုပ်ရေးဟာ ၂၀၁၀ ပြည့်နှစ် အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆု ရရှိခဲ့ပြီး ပရိသတ်အားပေးမှုရရှိခဲ့တဲ့ အာဒံရယ်၊ ဧ၀ရယ်၊ ဒဿရယ် ရုပ်ရှင် ကားအပါအ၀င် အေဒင်ရဲ့ နတ်သမီး၊ သိပ်မကြာခင်ကမှ ရုံတင်ခဲ့တဲ့ ရည်းစားတ၀မ်းကွဲ စတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်ပါ တယ်။

လျှောက်လွှာလင့် - https://www.facebook.com/1397186850495022/photos/pcb.2228782134002152/2228781157335583/?type=3&theater

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013