အောင်ဘာလေထီ ပေါက်မဲပေါင်း ၁၀၀၀၀ ကျော် လာမထုတ်သေး

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဖော်ဖော်ဝါရီမှာ ဖွင့်ခဲ့တဲ့ ၁၁ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲ ပေါက်မဲတွေကနေ ဆုမဲပေါင်း တသောင်းကျော်ကို လာမထုတ်သေးဘူးလို့ အောင်ဘာလေ သိန်းဆုဌာနခွဲက ဒီနေ့ ကြေညာပါတယ်။
ဆုလက်မှတ်ပေါင်း ၁၀၉၀၁ စောင်ရှိပြီး ဆုတန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၆၉၀၀ ကျော်ရှိပါတယ်။ ဒီထဲမှာ ကျပ်သိန်း ၅၀၀၀ ဆု တဆု၊ သိန်း ၅၀၀ ဆု တဆု၊ သိန်း ၃၀၀ ဆု ၂ ဆုနဲ့ သိန်း ၁၀၀ တဆု ပါဝင်ပါတယ်။
သိန်း ၅၀၀၀ ဆုနံပါတ်ကတော့ ဟ- ၆၈၈၉၈၃၊ သိန်း ၅၀၀ ဆုက ကဎ-၃၀၁၂၂၄၊ သိန်း ၃၀၀ ဆုက ဇ-၈၆၆၀၀၃၊ ကဃ-၁၈၆၇၈၇၊ သိန်း ၁၀၀ ဆုက ယ-၅၄၂၇၉၀ ဖြစ်ပါတယ်။
နောက်ထပ်လည်း ၂ သိန်းဆုပေါင်း ၂၀၀ ကျော်ဟာ မထုတ်ယူရသေးဘူးလို့ ကြေညာထားပါတယ်။
ဒီဆုတွေကို အခုလကုန် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားထုတ်ဖို့နဲ့ မထုတ်ဘူးဆိုရင် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမယ်လို့လည်း ကြေညာပါတယ်။
လာမထုတ်သေးတဲ့ ဆုတွေကို မြို့နယ်အခွန်ဦးစီးရုံးတွေနဲ့ ww.irdmyanmar.gov.mm မှာ ကြေညာထားပြီး ရန်ကုန်နဲ့ မန္တလေး အောင်ဘာလေ သိန်းဆုဌာနခွဲတွေမှာ ဆုလက်မှတ်ပြ တောင်းခံနိုင်တယ်လို့လည်း ဆိုပါတယ်။
ထီဖွင့်ပွဲတွေကနေ ကျပ်သိန်း ၁၀၀၀ ဆုကြီးတွေအပါအဝင် ဆုပေါင်း ၁ သောင်းဝန်းကျင် လာမထုတ်တာရှိနေတယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ကြေညာချက်တွေအရ သိရပါတယ်။
၂၀၁၈ ဘဏ္ဍာနှစ် ၆ လတာ ကာလအတွင်းမှာ ထီပေါက်ပြီး လာမထုတ်တဲ့ ဆုမဲတန်ဖိုးက ကျပ်သိန်းပေါင်း ၄၂,၀၀၀ လောက်ရှိတယ်လို့လည်း သိရပါတယ်။











