DVB Logo
Home
မြန်မာသတင်း
နှစ်သစ်တွင် အခွင့်အလမ်းကောင်းများပိုမိုရရှိလာမည်ဟု သမ္မတဦးဝင်းမြင့်ပြော   
DVB
·
January 1, 2019
နှစ်သစ်တွင် အခွင့်အလမ်းကောင်းများပိုမိုရရှိလာမည်ဟု သမ္မတဦးဝင်းမြင့်ပြော   
Donate to DVB

မြန်မာနိုင်ငံဟာ နောင်လာမယ့်နှစ်တွေအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍတွေမှာ အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိလာဖို့ သတင်းကောင်းပါးလိုတယ်လို့ သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးအထိမ်းအမှတ် နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာမှာ သမ္မတက ထည့်သွင်းပြောသွားတာပါ။

အစိုးရအနေနဲ့ အမျိုးသားအကျိုးစီးပွားတွေ ပေါ်ထွန်းလာဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး နိုင်ငံမှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကိုလည်း အမှန်တရားနဲ့ တရားမျှတမှုကို လက်ကိုင်ထားကာ ဖြေရှင်း ကျော်လွှားလွန်မြောက်နိုင်မယ် ယုံကြည်တယ်လို့ လည်းသမ္မတက ပြောပါတယ်။

ဒါ့အပြင် အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေ အပေါ် ပြည်သူတွေကလည်း ပူးပေါင်းဆောင်ရွက်ဖို့ သမ္မတက ပန်ကြားသွားပါတယ်။

ဓာတ်ပုံ- President Office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013