DVB Logo
Home
မြန်မာသတင်း
ဖခင်ဖြစ်သူ၏မူးယစ်ဆေးဝါးများကို သယ်ဆောင်ပေးသည့်သမီး ဖမ်းဆီးခံရ
DVB
·
December 31, 2018
ဖခင်ဖြစ်သူ၏မူးယစ်ဆေးဝါးများကို သယ်ဆောင်ပေးသည့်သမီး ဖမ်းဆီးခံရ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဖခင်ဖြစ်သူရဲ့ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ပေးတဲ့ သမီးနဲ့ အဒေါ်ဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ ဗဟို မူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

မနေ့က ဒီဇင်ဘာ ၂၉ ရက်ညပိုင်းက မြိတ်မြို့မရဲစခန်းကတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက သတင်းအရ စောင့်ဆိုင်းနေတုန်း  ဖမ်းမိခဲ့တာပါ။

မြိတ်မြို့ အဝေးပြေးကားဝင်းအသစ် ကုန်းဖောက်လမ်းမကြီးမှာ အရှေ့သိမ် ဘုန်းကြီးကျောင်းဘက်က အဝေးပြေးကားဝင်းအသစ်ဘက်ကို မောင်းနှင်လာတဲ့ဆိုင်ကယ်ကို စစ်ဆေးခဲ့ပြီး အသက် ၁၈ နှစ်အရွယ် မဖြူရီဝင်းရဲ့ ခန္ဓာကိုယ်မှာ ဖွက်ပြီး သယ်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ကို ဖမ်းမိခဲ့ပါတယ်။

သူနဲ့အတူ အဒေါ်ဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် မအေးအေးမော်လည်း လိုက်ပါလာပြီး စစ်ဆေးရာမှာတော့ ဆေးပြားတွေဟာ မဖြူရီဝင်းရဲ့ အဖေ ဦးဝင်းဇော်ရဲ့ ပစ္စည်းတွေလို့ ထွက်ဆိုပါတယ်။

ဒါကြောင့် မဖြူရီဝင်းရဲ့ အိမ်ကို သွားရောက်ရှာဖွေရာမှာတော့ ဦးဝင်းဇော်က တိမ်းရှောင်သွားပြီး နေအိမ်အိပ်ခန်း ပလတ်စတစ်ပုံးထဲကနေ စိတ်ကြွရူးသွပ်ဆေး အပြား ၂၀၀၀ (ကာလပေါက်ဈေးတန်ဖိုးငွေ ကျပ်သိန်း ၁၁၀) ကို ထပ်တွေ့ သိမ်းဆည်းမိခဲ့ပါတယ်။

ဒါကြောင့် မဖြူရီဝင်းနဲ့ မအေးအေးမော်တို့ကို  မြိတ်မြို့မရဲစခန်းမှာ ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထား သလို ဦးဝင်းဇော်ကိုလည်း အမှုဖွင့် ရှာဖွေနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013