DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတ၀န်း၂၀၁၉ နှစ်သစ်ကူးအကြို လှပဆန်းကျယ်စွာ ပြင်ဆင်
DVB
·
December 31, 2018
ထိုင်းနိုင်ငံတ၀န်း၂၀၁၉ နှစ်သစ်ကူးအကြို လှပဆန်းကျယ်စွာ ပြင်ဆင်
1 / 14
Donate to DVB

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ဦးစားပေးတဲ့ ထိုင်းနိုင်ငံဟာ ဒီကနေ့ ည ၂၀၁၈ နှစ်ဟောင်းကို နုတ်ဆက်ပြီး ၂၀၁၉ နှစ်သစ်ကြိုဆိုရေးအစီအစဉ်အတွက် မြို့တော် ဘန်ကောက်နဲ့ တခြားမြို့တွေမှာ အထူးလှပဆန်းကျယ်စွာ ပြင်ဆင်ထားပါတယ်။

Amazing Thailand Countdown 2019  မှာ အိမ်နီးချင်းနိုင်ငံမှ ခရီးသွားဧည့်သည်တွေကို ကြိုဆိုတဲ့အနေနဲ့     မြန်မာနယ်စပ် ချင်းရိုင်နဲ့ ရာ့ခ်ျပူရီခရိုင်၊ လာအိုနယ်စပ် နခွန်းဖနုမ်၊ မလေးရှား နယ်စပ် ဆဒွန်းခရိုင်တွေမှာ စိတ်ဝင်စားဖွယ် ပန်းပွဲတော်၊ ဒေသထွက်ကုန် အရောင်းပြပွဲ၊ နှစ်သစ်ကူးအကြိုတေးဂီတဖျော်ဖြေပွဲတွေကို  ယဉ်ကျေးမှုအနုပညာနဲ့ ခေတ်မီ လျှပ်စစ်မီးရောင်စုံ Motion Graphic ပေါင်းစည်းကာ  လှပဆန်းကျယ်စွာ ခင်းကျင်းထားပါတယ်။

ချင်းရိုင်းခရိုင်၊ ချင်းရိုင်းမြို့ ဆွန်ဒုံးပန်းခြံထဲမှာတော့ ၁၅ ကြိမ်မြောက် ပန်းပွဲတော် 15th Flower Festival ရှိပြီး ၂၀၁၈ ဒီဇင်ဘာ ၂၈ မှ ၂၀၁၉ ဇန်န၀ါရီ ၂၈ ရက်အထိ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

မြို့တော်ဘန်ကောက်မှာဆိုရင်လည်း နိုင်ငံခြားခရီးသွားဧည့်သည်နဲ့ လူကုံထန်တို့ အ များဆုံး လာရောက်လည်ပတ်လေ့ရှိတဲ့ ဆယမ်စကွဲယား၊ ရာ့ခ်ျပဆုန်လမ်း၊ ဆယမ်ပါရာဂွန် စတဲ့ ကု န်တိုက်ကြီးတွေမှာ အရုပ်တွေကို ရောင်စုံဖြာမီးတွေ ထွန်းညှိပြင်ဆင်ထားသလို နှစ်သစ်ကြိုဆိုတဲ့ မီးရှူးမီးပန်းတွေလည်း ဖောက်လွှတ်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်ဖရားမြစ် ရေလည်ခေါင်မှာလည်း လှပတဲ့မီးလုံးအရုပ်တွေ ဆင်ထားသလို စင်တင်တေး ဂီတဖျော်ဖြေပွဲတွေလည်း ပြင်ဆင်ထားပါတယ် ။

ရာ့ခ်ျဒမ်ရီလမ်းမကြီးပေါ်က ရောင်စုံဖြာမီးအလှပွဲ The Gallery of Light 2019 ကိုတော့ ၂၀၁၉ ဇန်န၀ါရီ ၆ ရက်နေ့ထိ ထွန်းထားမှာဖြစ်ပြီး ဆယမ်ရထားဘူတာရုံမှ ပထုမ်းဝမ်းလမ်းဆုံထိ မီးအလှဆင်ထားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့အခြားခရိုင်တွေမှာလည်း မြို့နယ်အလိုက် ရပ်ကွက်အလိုက် ၂၀၁၉ နှစ်သစ်ကြို ဆိုပွဲတွေ ကျင်းပဖို့ ပြင်ဆင်ထားကြပါတယ်။

ကိုးကား -

https://www.thaipost.net/main/detail/25231

https://www.facebook.com/localnews2010/photos/a.2000442000071948/2000443816738433/?type=3&theater ချင်းရိုင်းပန်းပွဲတော်ဓာတ်ပုံများ

https://www.facebook.com/tourism.cri/

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013