DVB Logo
Home
မြန်မာသတင်း
နှစ်သစ်ကူးည အရေးပေါ်ကုသပေးရန် ရန်ကုန်နှင့် မန္တလေးဆေးရုံကြီးပြင်ဆင်ထား
DVB
·
December 31, 2018
နှစ်သစ်ကူးည အရေးပေါ်ကုသပေးရန် ရန်ကုန်နှင့် မန္တလေးဆေးရုံကြီးပြင်ဆင်ထား
Donate to DVB

ဒီကနေ့ ဒီဇင်ဘာ ၃၁ရက် နှစ်သစ်ကူးညမှာ မတော်တဆထိခိုက်တာတွေ ဖြစ်ပေါ်လာရင် အရေးပေါ်ကုသပေးဖို့ ရန်ကုန်နဲ့ မန္တလေးမြို့က ဆေးရုံကြီးတွေမှာ ပြင်ဆင်ထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပ ဆေးရုံကြီး အရေးပေါ်ဌာနတို့မှာ နှစ်သစ်ကူးညမှာ ထိခိုက် ဒဏ်ရာရသူတွေကို သက်ဆိုင်ရာ ဆရာဝန်ကြီးတွေ ကိုယ်တိုင် ကုသတာတွေ လုပ်နိုင်ဖို့ ၀န်ထမ်းအင်အား နှစ်တိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှာ အထူးကု ဆရာဝန်ကြီးတွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေး ၀န်ထမ်း ၁၅၀ ကျော်တို့က ပြင်ဆင်ထားပါတယ်။

မြောက်ဥက္ကလာပ  ဆေးရုံကြီးမှာလည်း ဆရာဝန်တွေ၊ ၀န်ထမ်းတွေကို တိုးမြှင့်ချထားပြီး လိုအပ်တဲ့ ဆေးဝါးတွေကို ဖြည့်ဆည်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ မန္တလေးမြို့မှာလည်း မတော်တဆမှုနဲ့ ခိုက်ရန်ဖြစ်ပွားမှုတို့ကို အချိန်မီ ကုသပေးနိုင်ဖို့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာလည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ဒီကနေ့ ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၇ နှစ်သစ်ကူးကာလတုန်းကတော့ မန္တလေးဆေးရုံကြီးကို ထိခိုက်ဒဏ်ရာရသူ ၆၀ကျော်ရောက်လာခဲ့ပြီး သေဆုံးသူ ၄ ဦးရှိခဲ့တယ်လို့ ဆေးရုံမှတ်တမ်း အရသိရပါတယ်။

နှစ်သစ်ကူးကာလဖြစ်တဲ့ ဒီဇင်ဘာ ၃၁ရက် မက်ပိုင်းမှ နောက်တနေ့ ဇန်န၀ါရီ ၁ ရက် မနက် ၈ နာရီအထိ အရေးပေါ်ကာလ အဖြစ်သတ်မှတ် ထားတာဖြစ်ပါတယ်။

NB YGN Hospital Ready

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013