DVB Logo
Home
မြန်မာသတင်း
ပုဂံ​ရှေး​ဟောင်း​ဒေသတွင် နှစ်သစ်ကူးပိတ်ရက် ပြည်​တွင်းခရီးသွားများဖြင့် ပြည့်လျှံနေ
DVB
·
December 31, 2018
ပုဂံ​ရှေး​ဟောင်း​ဒေသတွင် နှစ်သစ်ကူးပိတ်ရက် ပြည်​တွင်းခရီးသွားများဖြင့် ပြည့်လျှံနေ
Donate to DVB

ပုဂံ​ရှေး​ဟောင်း ယဉ်​​ကျေးမှု ​ဒေသကို  ဒီဇင်​ဘာနှစ်သစ်ကူး ပိတ်ရက်တွေမှာ ပြည်​တွင်းဘုရားဖူး ခရီးသွားတွေ အများအပြားလာရောက်နေလို့ တည်းခိုစရာ​နေရာတွေလည်း ပြည့်လျှံနေပါတယ်။

ဘုန်းကြီးကျောင်းတွေမှာပါ တည်းခိုသူတွေပြည့်ခဲ့လို့ အရပ်​ထဲက ဒေသခံတွေရဲ့ နေအိမ်တွေအထိ အကူညီ​တောင်း တည်းခိုမှုတွေရှိနေတယ်​လို့ ​ပုဂံ​ဒေသ လက်​မှုပညာ သဲပန်​ချီကား ​ရောင်းချသူ ဦးစိုးလွင်​က ​ပြောပါတယ်​။

ဒါ့အပြင် ဈေးဆိုင်တွေအနေနဲ့လည်းပုံမှန်ထက် ငါးဆကျော်ရောင်းအားကောင်းခဲ့တယ်လို့ ဆိုပါတယ်။

ပုဂံဒေသတခုလုံးက ဟိုတယ်တိုင်းလိုလို အခန်းပြည့်နေပေမယ့် အခန်းခတွေကို ဈေးနှုန်းပိုရောင်းချတာ မရှိဘူးလို့ ဟိုတယ်လုပ်ငန်းရှင်များအသင်း တွဲဘက်အတွင်းရေးမှူး ဦးအောင်ကြီးက ပြောပါတယ်။

ပြည်တွင်းခရီးသည်တွေ အမြောက်အများလာရောက်လည်ပတ်မှုတွေရှိနေသလို ဒီဇင်​ဘာ လ ၁ ရက်​​ကနေ ၃၀ ရက်​​အထိ ပြည်ပဧည့်သည် ၃၆၀၀၀ ကျော်လာရောက်ကာ ပျမ်းမျှ တရက်ကို ပြည်ပဧည့်သည် ၁၀၀၀ ကျော်ဝင်ရောက်တယ်လို့  ဇုန်ဝင်​​ကြေး ကောက်​ခံ​ရေးအဖွဲ့က ပြောပါတယ်။

ကိုလင်း (ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013