DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးစေတီကို ဘုရားဖူးသိန်းချီလာရောက်၊ ခါးပိုက်နှိုက် အယောက် ၂၀ ဖမ်းမိ
DVB
·
December 31, 2018
ကျိုက်ထီးရိုးစေတီကို ဘုရားဖူးသိန်းချီလာရောက်၊ ခါးပိုက်နှိုက် အယောက် ၂၀ ဖမ်းမိ
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို ဘုရားဖူးတွေသိန်းချီလာရောက်နေကြပြီး  ခါးပိုက်နှိုက် အယောက် ၂၀ ကိုလည်း ဖမ်းဆီးရ မိထားတယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာလအတွင်း ဘုရားဖူးဝင်ရောက်မှု အလွန်များပြားနေပြီး ဒီဇင်ဘာ ၃၀ ရက်နဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ  ဘုရားဖူးတွေ ပြည့်ကြပ်နေတာတွေကြောင့် အဆင်းနဲ့အတက် တောင်တက်ကားတွေ တောင်ပတ်လမ်းမှာ လမ်းပိတ်ဆို့သွားခဲ့ကြပါတယ်။

ဒီကနေ့တော့ လမ်းမပိတ်အောင် အဆင်းလမ်းကို ဦးစားပေးဆောင်ရွက်ထားတယ်လို့ ကျိုက်ထီးရိုး ဂေါပကအဖွဲ့ဝင် ဦးထွန်းမြင့်က ပြောပါတယ်။

“ဒီနေ့တော့အတက်အဆင်းတွေမျှအောင် လုပ်ထားတယ်။ မနက် ၅ နာရီ လောက်ကတည်းက အဆင်းသမားတွေကို ဦးစားပေးဆင်းလိုက်တော့ အဆင်းနဲ့ အတက် မျှသွားပြီ။ မနေ့ကဆိုရင် မနက် ၁၀ နာရီလောက်ကတည်းက လမ်းစပိတ်တယ်။ လမ်းပိတ်တော့ အပေါ်တက်မယ့်ကားတွေကို ကင်းမွန်းစခန်းမှာ တနာရီနီးပါးလောက် ရပ်ခိုင်းခဲ့ရတယ်။ အတက်သ မားနည်းမှ အဆင်းသမား အဆင်ပြေသွားတယ်။ လမ်းက ၂ နာရီကျော်ကျော်လောက် အထိ ပိတ်ခဲ့တယ်။ လူကလည်း အရမ်းများခဲ့တာကိုး။ ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မနေ့ကလို တောင်တက်တဲ့လူတွေ မကြုံဖူးဘူးလေ။ မနေ့ကဆိုရင် ဘုရားဖူးတွေ တရက်တည်း သုံး သိန်းကျော်လောက်လာတယ်။”

ဘုရားဖူးတွေများနေတာနဲ့အမျှ ခါးပိုက်နှိုက်တွေလည်း ပေါများပြီး ခါးပိုက်နှိုက်အများစုဟာ ရန်ကုန်နဲ့ တခြားနယ်ခံတွေဖြစ်တယ်လို့ သိရပါတယ်။

“ခါးပိုက်နှိုက်တွေက ပေါတော့ ၀န်ထမ်းအင်အားမလုံလောက်ဘူး။ အဲ့ဒီအတွက် ဘုရားဖူး တွေ သတိထားသွားလာကြဖို့ အသိပေးထားတယ်။ တည်းခိုဖို့ကတော့ အခမဲ့ အဆောင်တွေ အကုန်ပြည့်နေတာပဲ။ ဘုရားဖူးတွေရဲ့ ကျန်းမာရေးအခြေအနေအတွက်လည်း အပေါ်မှာ ဆေးခန်းရှိတယ်။ ဆေးခန်းနဲ့မရရင် မြို့မဆေးရုံတွေဆီကို အရေးပေါ်ယာဉ်တွေနဲ့ပို့ပေးတယ်။”လို့ ဂေါပကအဖွဲ့ဝင် ဦးထွန်းမြင့်က ပြောပါတယ်။

ကျိုက်ထီးရိုးစေတီတော်ကို ဒီဇင်ဘာ ၃၀ ရက်နေ့က ဘုရားဖူးလာရောက်ခဲ့တဲ့ ကိုဝေထက်လင်းက “ကျိုက်ထီးရိုးဘုရားပေါ်မှာ လူတွေက အရမ်းများတော့ ဖုန်း တလုံး၊ ပိုက်ဆံရှစ်သောင်း ခါးပိုက်နှိုက်ခံထိတယ်။ ပိုက်ဆံအိတ်ထဲမှာ အိမ်စာချုပ်တွေတော့ ရှိတယ်။ ပိုက်ဆံနဲ့ ဖုန်းနဲ့ပဲ ပါသွားတယ်။ ဘာမှ မသိလိုက်ရဘူး။ တချို့က တို့ဆေးနဲ့ တို့တာတွေ ရှိတယ်လို့လည်းပြောတယ်။” လို့ ပြောပါတယ်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကို သီတင်းကျွတ်ကာလ၊ အောက်တိုဘာလမှ စဖွင့်လှစ်ပေးခဲ့ပြီး ဒီဇင်ဘာလမှာတော့ နှစ်စဉ်နှစ်တိုင်း ဘုရားဖူးတွေနဲ့ စည်ကားလေ့ရှိပေမယ့် အခုနှစ် ဒီဇင်ဘာလဟာ ကျိုက်ထီးရိုးသမိုင်းမှာ ဘုရားဖူးအများဆုံးဖြစ်တယ်လို့ ကျိုက်ထီးရိုး ဂေါပကအဖွဲ့က ပြောပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013