DVB Logo
Home
မြန်မာသတင်း
စိတ္တဇ လျှို့ဝှက်သည်းဖို ဟောလိဝုဒ်ရုပ်ရှင်-Escape Room (နမူနာ)
DVB
·
December 31, 2018
စိတ္တဇ လျှို့ဝှက်သည်းဖို ဟောလိဝုဒ်ရုပ်ရှင်-Escape Room (နမူနာ)
Donate to DVB

ဟောလိဝုဒ် စိတ္တဇလျှို့ဝှက်သည်းဖို ဒရာမာ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Escape Room ရုပ်ရှင်ကို  ဇန်န၀ါရီလ ၄ ရက်မှာ ရုံတင်ပြသတော့ မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတွေဖြစ်တဲ့ Sony နဲ့ Columbia Pictures တို့က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Adam Robitel က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ စိတ္တဇဆန်တဲ့ သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေ၊  ဇာတ်လမ်းဇာတ်ကွက် တွေနဲ့ ပုံဖော်ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။

ထူးဆန်းတဲ့ အခန်းတခန်းထဲမှာ တယောက်နဲ့တယောက် မသိကြတဲ့ လူ ၆ ယောက်ဟာ ပိတ်မိနေခဲ့ကြပြီး ဒီထဲက အသက်ရှင်လျက်လွတ်မြောက်နိုင်ဖို့ သဲလွန်စတွေကို ဖြတ်ထိုးဉာဏ်သုံးပြီး ရှာဖွေ ကြရမှာပါ။

ထင်မှတ်မထားတဲ့ ထောင်ချောက်တွေနဲ့ ဒီအခန်းထဲမှာ ဘယ်သူက အသက် အန္တရာယ်နဲ့ ရင်ဆိုင်ရမလဲ။  အန္တရာယ်ကြားကနေ သူတို့အားလုံးရော လွတ်မြောက်နိုင် ပါ့မလား ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာပါ။

    ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊မြင်ကွင်းတွေနဲ့ ပြောစကားတွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

    ဒီကားထဲမှာတော့ ကနေဒါသရုပ်ဆောင်မင်းသမီး TaylorRussell နဲ့အတူ Logan Miller, Deborah Ann Woll, Tyler Labine, Jay Ellis နဲ့ Nik Dodani တို့ ပါဝင်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013