DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် အလုပ်မရသဖြင့် အမ်အိုယူ မြန်မာအလုပ်သမား ၂၇ ဦးပြန်ရောက်လာ
DVB
·
December 31, 2018
ထိုင်းနိုင်ငံတွင် အလုပ်မရသဖြင့် အမ်အိုယူ မြန်မာအလုပ်သမား ၂၇ ဦးပြန်ရောက်လာ
Donate to DVB

ထိုင်းနိုင်ငံကို နှစ်နိုင်ငံသဘောတူစာချုပ် (အမ်အိုယူ)နဲ့  အလုပ်လုပ်ဖို့သွားခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၇ ဦးဟာ ၃ လကြာပေမယ့် အလုပ်မရရှိတဲ့အတွက် မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။

ကုမ္ပဏီက အလုပ်မပေးနိုင်တဲ့အတွက် မြန်မာ-ထိုင်းနယ်စပ်ကို ပြန်ရောက်လာတာဖြစ်ပြီး ကုန်ကျထားတဲ့ လက်မှတ်ဖိုးနဲ့  ဗီဇာ၊ ပတ်စပို့စ်စာအုပ်တန်ဖိုးငွေတွေကို ကုမ္ပဏီအနေနဲ့ ပြန်လည်ပေးအပ်စေလိုတဲ့အကြောင်းနဲ့ မပေးပါက တရားဥပဒေအရ ဆောင်ရွက်သွားမယ်လို့ ပြန်လည်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ အာမခံကြေးတွေ ပြန်လည်မပေးတဲ့အတွက် မြန်မာရွှေပြောင်းသမား ၂၇ ဦးက မြ၀တီမြို့မှာ  ဒီဇင်ဘာ ၂၇ ရက်က အလုပ်သမားကွန်ရက်၊ အလုပ်သမား အရေးဆောင်ရွက်အသင်းအဖွဲ့တွေ၊ မီဒီယာတွေနဲ့ တွေ့ ဆုံခဲ့ပါတယ်။

မြ၀တီခရိုင်မှူးကတော့ အလုပ်သမားတွေရဲ့ ပြဿနာကိုကူညီပေးဖို့ အလုပ်သမားဦးစီးဌာနနဲ့ ဆက်သွယ်ပေးပြီး ဇန်န၀ါရီ ၃ ရက်နေ့မှာ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းမှာ အလုပ်မရရှိဘဲ မကြာခဏ ဆိုသလို မြ၀တီမြို့ကို ပြန်ရောက်လာနေကြပေမယ့်လည်း နှစ်နိုင်ငံသဘောတူစာချုပ်နဲ့  တရက်ကို လူဦးရေ ၅၀၀ လောက် ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

လက်ရှိထိုင်းနိုင်ငံမှာ စက်ရုံ၊ အလုပ်ရုံနဲ့ အိမ်အကူလုပ်ငန်းတွေမှာ အလုပ်သမား မလိုအပ်သလောက်ဖြစ်နေပြီး ဆောက်လုပ်ရေးနဲ့ ရေလုပ်ငန်းတွေမှာတော့ အလုပ်သမား လိုအပ်နေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

သတင်း - ဖိုးစီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013