DVB Logo
Home
မြန်မာသတင်း
မြန်မာအပါအ၀င် ၁၂ နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ နှစ်သစ်ကူးဆုတောင်းပွဲ ဘန်ကောက်တွင် ကျင်းပ
DVB
·
December 31, 2018
မြန်မာအပါအ၀င် ၁၂ နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ နှစ်သစ်ကူးဆုတောင်းပွဲ ဘန်ကောက်တွင် ကျင်းပ
1 / 2
Donate to DVB

မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ဗုဒ္ဓဘာသာဝင်တွေရဲ့  နှစ်သစ်ကူးအကြို ဆုတောင်းမေတ္တာပို့သခြင်းအခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆာနမ်လွန် မင်္ဂလာမဏ္ဍပ်မှာ ကျင်းပနေပါတယ်။

အခမ်းအနားကို  မြန်မာနိုင်ငံမှ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဓန္တကုမာရာဘိဝံသ အမှူးပြုတဲ့ ဆရာတော်ကြီး ၁၆ ပါး၊ ဗဟိုဝန်ဆောင်ဆရာတော်တွေ၊ တိပိဋကဆရာတော်တွေ စုစုပေါင်း ၃၁ ပါးနဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုတို့ တက်ရောက်နေတယ်လို့ အစိုးရ ကသတင်းထုတ်ပါတယ်။

နှစ်သစ်ဆုတောင်းမေတ္တာပို့သခြင်းအခမ်းအနားကို ဒီဇင်ဘာ၂၉ ရက်မှ ဇန်နဝါရီ ၁ ရက်ထိ ၄ရက်ကြာ ကျင်းပနေတာဖြစ်ပြီး  ဒီဇင်ဘာ ၃၁ ရက် ည ၁၁ နာရီမှ စတင်ကာ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သံဃာတော်တွေက ဝတ်ပြုဆုတောင်းပေးကြမှာ ဖြစ်ပါတယ်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက  မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နဲ့ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်း(ဗဟို)က လှူဒါန်းတဲ့  ထိုင်းဘတ်ငွေ ငါးသိန်းကို ဘန်ကောက်မြို့ရှိ Sathira Dhammasatha ကျောင်းတိုက်သို့ ဆက်ကပ် လှူဒါန်းခဲ့ပါတယ်သိရပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013