ပြည်ထောင်စုလွှတ်တော် ဇန်န၀ါရီ ၂၁ ရက်နေ့ ပြန်စမည်
DVB
·
December 30, 2018

ရပ်နားထားတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို လာမယ့် ဇန်နဝါရီ ၂၁ ရက်မှာ ပြန်စမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာပါတယ်။
၁၀ ကြိမ်မြောက် အစည်းအဝေးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်မှာ ရပ်နားခဲ့တာဖြစ်ပြီး အဲဒီအစည်းအဝေးမှာ ကျင်းပရက် ၁၁ ရက်ပဲ ရှိခဲ့တာပါ။
ထုတ်ပြန်ထားတဲ့ လွှတ်တော် ပြက္ခဒိန်အရ အခု ၁၁ ကြိမ်မြောက် အစည်းအဝေးကို မတ်လ ၁၅ ရက်အထိ ကျင်းပသွားမှာပါ။
အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့ကလည်း ဇန်နဝါရီ ၂၁ ရက်မှာ အစည်းအဝေးတွေ စတင်မယ်လို့ ဒီနေ့ ကြေညာပါတယ်။











