DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းတွင် စက်သုံးဆီဈေးများ ဆက်တိုက်ကျဆင်း
DVB
·
December 29, 2018
ပြည်တွင်းတွင် စက်သုံးဆီဈေးများ ဆက်တိုက်ကျဆင်း
Donate to DVB

ပြည်တွင်းမှာ စက်သုံးဆီဈေးတွေဟာ ဆက်တိုက်ကျဆင်းလာနေပြီး ဒီနေ့မှာတော့ အောက်တိန်းဆီဈေးဟာ ကျပ် ၈၀၀ အောက်ကို ရောက်လာပါတယ်။

ပြီးခဲ့တဲ့ ၂ လကထက် တလီတာကို ကျပ် ၂၀၀ ကျော်အထိ ကျဆင်းသွားပြီး ဒီဇယ်ဈေးကလည်း ဒီဇင်ဘာလဆန်းပိုင်းနဲ့ ယှဉ်ရင် ကျပ် ၁၀၀ ဝန်းကျင် လျော့သွားတာပါ။

ပုဂ္ဂလိက စက်သုံးဆီဆိုင်တွေရဲ့ ဈေးနှုန်းတွေအရ ကချင်ပြည်နယ်၊ နေပြည်တော်၊ မူဆယ်၊ ဧရာဝတီတိုင်းတို့မှာ အောက်တိန်း ၉၂ ဆီဈေးဟာ ကျပ် ၈၀၀ နဲ့ ၈၀၀ အထက်မှာ ရှိပြီး ကျန်တဲ့ ဒေသတွေမှာတော့ ကျပ် ၈၀၀ အောက်မှာပဲ ရှိပါတယ်။

စက်သုံးဆီအသင်းရဲ့ ဒီဇင်ဘာ ၂၈ ရက် မနေ့က ဈေးနှုန်းတွေအရ ရန်ကုန်မှာ ဒီဇယ်တလီတာကို ၉၀၅ ကျပ်၊ မန္တလေးမှာလည်း ၉၀၅ ကျပ်၊ ရန်ကုန်မှာ အဆင့်မြင့်ဒီဇယ် တလီတာကို ၉၁၅ ကျပ်၊ မန္တလေးမှာ ၉၂၀ ကျပ်၊ ရန်ကုန်မှာ အောက်တိန်း ၉၂ တလီတာကို ၇၄၀ ကျပ်၊ မန္တလေးမှာ ၇၆၀ ကျပ်၊ ရန်ကုန်မှာ အောက်တိန်း ၉၅ တလီတာကို ၈၁၀ ကျပ်၊ မန္တလေးမှာ ၈၃၀ ကျပ် သတ်မှတ်ထားပါတယ်။

ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တွေကတော့ ရန်ကုန်မှာ ဒီဇယ်တလီတာကို ၈၉၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တလီတာကို ၉၀၀ ကျပ်၊ အောက်တိန်း ၉၂ တလီတာကို ၇၁၀ ကျပ်၊ အောက်တိန်း ၉၅ တလီတာကို ၇၉၅ ကျပ်ဝန်းကျင်နဲ့ ရောင်းချနေကြပါတယ်။

မန္တလေးမှာတော့ ဒီဇယ်တလီတာကို ၉၁၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တလီတာကို ၉၂၀ ကျပ်၊ အောက်တိန်း ၉၂ တလီတာကို ၇၆၀ ကျပ်၊ အောက်တိန်း ၉၅ တလီတာကို ၈၄၅ ကျပ်ဝန်းကျင်နဲ့ ရောင်းချနေကြပါတယ်။

ဒါကြောင့် ရန်ကုန်မှာတော့ အသင်းက သတ်မှတ် နှုန်းထားတွေထက် လျှော့ရောင်းနေကြပြီး မန္တလေးမှာတော့ သတ်မှတ်နှုန်းထက် ပိုပြီး ရောင်းနေကြတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013