
ပဲခူးတိုင်း၊ ဖဒိုမြို့နယ်မြေ ရဲတပ်ဖွဲ့စခန်းအပိုင် ဘိုးပိုက်ဆံ ၅ ရပ်ကွက်မှာ ဒီဇင်ဘာလ ၂၉ ရက်မွန်းလွဲပိုင်းက နဝမတန်းကျောင်းသား ၁ ဦး ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ ဖဒိုနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
"ကလေးက ကျောင်းမှာ စာမလိုက်နိုင်လို့ စိတ်ဓာတ်ကျပြီး ဆွဲကြိုးချ သေဆုံးတာပါလို့ သူရဲ့မိခင်ကပြောတယ်။ အခု ကျနော်တို့ စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်" လို့ ဖဒိုမြို့ နယ်မြေရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူကပြောပါတယ်။
သေဆုံးသူမှာ ဇွဲခန့်ငြိမ်း အသက် ၁၆ နှစ် အထက (ဖဒို) မှ ကိုးတန်းကျောင်း သားတဦးဖြစ်ပြီး အရှည် ၃ ပေ ၈ လက်မလောက်ရှိ ပိတ်စတွေကို ကျစ်ထားတဲ့ ကြိုးနဲ့ နေအိမ် တံခါးပေါက်အပေါ် ဘောင်တန်းမှာ လည်းပင်ချည်နှောင်လျှက် သေဆုံးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇွဲခန့်ငြိမ်း သေဆုံးမှုမှာ ဓမ္မာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်ဖို့အတွက် ဖဒိုမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှ သေမှုသေခင်း အမှတ်စဉ် ၉/၂၀၁၈ နဲ့ အမူဖွင့် စစ်ဆေးနေကြောင်း သိရပါတယ်။











