DVB Logo
Home
မြန်မာသတင်း
ဖမ်ဆီးခံရသည့် ရတနာပုံ ဗကသ ကျောင်းသား ၃ ဦးကို အမရပူရတရားရုံးတွင် ရမန်ယူ
DVB
·
December 29, 2018
ဖမ်ဆီးခံရသည့် ရတနာပုံ ဗကသ ကျောင်းသား ၃ ဦးကို အမရပူရတရားရုံးတွင် ရမန်ယူ
Donate to DVB

မန္တလေးတိုင်း အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်​ကျောင်းဝင်းအတွင်းအပြင်​ လုံခြုံရေးချထားပေးရေးနဲ့ပတ်​သက်ပြီး လှုပ်ရှားမှုပြုလုပ်​ခဲ့လို့ ဖမ်းဆီးထားတဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသား ၃ ဦးကို ဒီနေ့မနက်က အမရပူရမြို့နယ် တရားရုံးမှာ ရမန်ယူခဲ့ပါတယ်​။

“ကျနော်တို့ ကျောင်းလုံခြုံရေးကိစ္စတွေ၊ သန့်ရှင်းရေးကိစ္စတွေ တောင်းဆိုနေတာကို ဘာမှ လုပ်မပေးဘူး။ ခုဆို ကျောင်းသားတဦး အသတ်ခံရတယ်၊ ကျနော်တို့ ငြိမ်နေမှာမဟုတ်ဘူး။ ကျနော်တို့ တောင်းဆိုတဲ့အပေါ် အခုလို ဖမ်းဆီးတဲ့သူတွေကိုလည်း ဘာကိုမှ ပြော​နေမှာမဟုတ်ဘူး။ ကျ​နော်​တို့ လုပ်​စရာရှိတာ ဆက်​လုပ်​သွားမှာပါ” လို့ ဖမ်းဆီးခံ ကျောင်းသား ကိုရဲမျိုးဆွေက​ ပြောပါတယ်​။

ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗကသက ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်းနဲ့ ကိုရဲမျိုးဆွေတို့ ၃ ဦးကို မြို့နယ် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးနဲ့ တက္ကသိုလ်တာဝန်ရှိသူတဦးတို့က တရားလိုပြုလုပ်ပြီး ပုဒ်​မ ၅၀၅ (ခ) (နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေမှု)၊ ပုဒ်​မ ၁၉ (ငြိမ်းစုစီဥပ​ဒေ)၊ ပုဒ်​မ ၁၁၄ (ပြစ်​မှုကျူးလွန်​ရာတွင်​ပူး​ပေါင်​ကြံစည်​မှု)၊ ပုဒ်​မ ၃၅၃ (တာဝန်​၀တ္တရား​နှောင့်​ယှက်​မှု)၊ ပုဒ်​မ ၄၃၅ (မီးရှို့ဖျက်ဆီးမှု) စတဲ့ ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်ထားတာလည်း ဖြစ်ပါတယ်။

ရတနာပုံတက္ကသိုလ် ​​ဗကသ​ကျောင်းသား ၃ ဦးအား ပထမဆုံးအကြိမ် ​ရုံးချိန်းကို အမရပူရ တရားရုံးက ဇန်​နဝါရီ ၁၁ ရက်နေ့ ချိန်းဆိုထားပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ၅ လအတွင်း တက္ကသိုလ်ကျောင်းသား ၃ ဦး အသတ်ခံခဲ့ရတဲ့အတွက် ကျောင်းပရဝုဏ်တွေမှာ လုံခြုံရေး ဝန်ထမ်းတွေ တိုးမြှင့်ချထားပေးရေးအတွက် အကြိမ်ကြိမ် ဆန္ဒပြတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013