DVB Logo
Home
မြန်မာသတင်း
တရားစီရင်ရေးမဏ္ဍိုင် အားကောင်းရန် ဦးဟန်ထူးတို့ကို အရေးယူခြင်းဖြစ်
DVB
·
December 28, 2018
တရားစီရင်ရေးမဏ္ဍိုင် အားကောင်းရန် ဦးဟန်ထူးတို့ကို အရေးယူခြင်းဖြစ်
Donate to DVB

တရားစီရင်ရေးမဏ္ဍိုင် အားကောင်းစေဖို့အတွက် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးတဲ့ အမှုမှာ လာဘ်ယူခဲ့တဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း အပါအ၀င် ဥပဒေအရာရှိတွေကို အရေးယူခဲ့ တာလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် တရားလိုဖြစ်သူ ဦးမိုးနိုင်က ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။

အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်ရဲ့ ရှေ့နေဖြစ်သူ ဒေါ်ခင်စန်းမြင့်က ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင် ပြုလုပ်သင့်တယ်လို့ မေးမြန်းခဲ့ရာမှာ တရားလိုဖြစ်သူ ဦးမိုးနိုင်က အခုလိုအရေးယူရတာဟာ တရားစီရင်ရေးမဏ္ဍိုင် အားကောင်းစေဖို့နဲ့ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားအားကောင်းဖို့ အရေးယူခဲ့တာလို့ တရားခွင်မှာ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့က ရန်ကုန်တိုင်း တရားလွတ်တော်ချုပ်ရုံး အမှုစစ်တရားခွင်မှာ ပြောဆိုခဲ့တာပါ။

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့တဲ့အမှုမှာ ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအ၀င် တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေဟာ ကျူးလွန်သူလို့ ယူဆရတဲ့ ဖခင်ဆီကနေ လာဘ်ငွေတွေနဲ့ တံစိုးလက်ဆောင်တွေ ရယူပြီး ကျူးလွန်သူတွေကို အမှုကနေ လွှတ်ပေးခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရာစွဲအရေးယူထားပြီး ရုံးထုတ် စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

ဒီအမှုမှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နဲ့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (အရင်သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကို တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ၅၆ တို့နဲ့ အသီးသီး တရာစွဲဆိုထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013